"" မင်းကို ဘယ်သူက အဲ့မှာ အကြာကြီးနေခိုင်းလို့လဲ ..ဒီလောက်အေးနေတဲ့နေရာမှာ မင်းမို့လို့ ရူးရဲတယ် ""
သူတစ်ကိုယ်တော်ကြားရုံလောက် အသံနဲ့ တီးတိုး အပြစ်တင်မှုကို တစ်ဖက်လူက မကြားနိုင်သလို ၊ တုံ့ပြန်နိုင်ခြင်းလည်းမရှိတာကြောင့် စိတ်ကိုလျှော့ချလိုက်ရသည် ။
ရက်ရက်စက်စက် ကျောခိုင်းသွားတာလည်းသူပဲ ဖြစ်ပါလျက် စိတ်ပူပြီး အရာရာ လိုက်လုပ်ပေးနေမိတာလည်း သူသာ ဖြစ်သည် ။ နီခီ့ဆီက ဆောင်းဟွန်းအကြောင်း ဆက်တဲ့ ဖုန်းကို ရလိုက်တာနဲ့ သူ အပေါ်အင်္ကျီတောင် မဝတ်နိုင်ဘဲ အရူးတစ်ပိုင်းလို ဆေးရုံကိုပြေးလာခဲ့သည် ။ဆေးရုံခန်းထဲက ကုတင်ပေါ်တွင် စောင်အထပ်ထပ်နဲ့ အိပ်ပျော်နေတဲ့ ကောင်လေးကို တွေ့တော့မှ သူနောင်တတသီကြီးရလိုက်သည် ။
မှားပြီ .. သူမှားပြီ ။ အနည်းဆုံးတော့ ဆောင်းဟွန်းကို ဒီအတိုင်းလွှတ်မထားဘဲ လှည့်ကြည့်ခဲ့သင့်တယ် ။ ဆောင်းဟွန်းက အချစ်ကို အရာရာလို့သတ်မှတ်ထားတတ်တဲ့ အရွယ်မို့ သင့်တော်ခြင်း ၊ မသင့်တော်ခြင်းကို မစဉ်းစားဘဲ နှင်းမကျရုံတမယ် အေးခဲနေတဲ့ မြေပြင်ပေါ်မှာ နာရီအတော်ကြာ ဒူးထောက်နေခဲ့သတဲ့ ..။
နီခီသာ သူ့အိမ်ကို လိုက်မလာခဲ့ရင် ဘယ်လောက်ကြာတဲ့ အထိ အဲ့နေရာမှာ ရှိနေခဲ့မလဲ ။ တွေးကြည့်ရုံနဲ့တင် ကြက်သီးထရလောက်အောင် အန္တရာယ်များလှသည် ။
မနက်နေထွက်ခါနီးအချိန်ထိတိုင် နိုးမလာသေးတဲ့ကောင်လေးကို သူတစ်ညလုံးစောင့်ကြည့်နေခဲ့သည် ။ ဆရာဝန်တွေတောင် အံ့ဩရတဲ့ ရလဒ်မျိုးထွက်လာပြီး အဖျားတစ်စက်တောင်မရှိဘဲ ကိုယ်ပူချိန်မှန်မှန်နဲ့ အိပ်ပျော်နေသော ဆောင်းဟွန်းကို သူအခုထိ စိတ်မချနိုင်သေးပါ ။
နီခီကတော့ သူပျက်ကွက်ထားတဲ့ အလုပ်တွေကို လိုက်ရှင်းပေးဖို့ စတူဒီယိုကို သွားရှာပြီ ။ သူ့အပေါ်လည်း ဂျိတ်ခ် ကျေးဇူးကြွေးတွေ အများကြီးတင်တာပဲ ။
YOU ARE READING
Ethos✔️
FanfictionHeejakehoon Book-2 of F A T E (Zawgyi+UNICODE) Cover _ WaengProdHES ** ပါဝင်သမျှ အချက်အလက်အားလုံးသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ **