Late regret

1.3K 218 53
                                    


"" အီသန်  "" 


စားပွဲပေါ်ကို ဖြန့်ကြဲလာသော ရှုထောင့်အမျိုးမျိုးကနေ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုကြည့်ကာ သူနည်းနည်း လန့်သွားသည် ။ ဓာတ်ပုံထဲမှာ ဦးထုတ်ဆောင်းထားပေမယ့် သူမှန်းသိသာနေတယ် ။ ဂျိတ်ခ်ကိုဖက်ပြီး ကားထဲဝင်သွားတဲ့ ပုံတွေ ၊ ဘားမှာ အနမ်းချင်းဖလှယ်နေကြတဲ့ ပုံတွေနဲ့ ဂျိတ်ခ် စတူဒီယိုရှေ့မှာ အိမ်ပြန်ဖို့လာစောင့်နေတဲ့ ပုံတွေ .. ဒီပုံတွေကို သူတို့ဘယ်ကရလာတာလဲ ။ သူတို့ အီသန့်ကို နောက်ယောင်ခံလိုက်နေတာလား ။ ဒါက privacy အထိ စွက်ဖက်လွန်းရာကျမနေဘူးလား ။ 


"" ဒါတွေအတွက် ရှင်းပြစရာရှိမယ်ထင်တယ်  "" 


"" ကျွန်တော်လည်း အရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်ဖြစ်တဲ့ အတွက် ဒါတွေက အထွေအထူးရှင်းစရာတော့မလိုဘူးထင်တာပဲ .. ဓာတ်ပုံထဲက အတိုင်းဒါက ကျွန်တော့်ချစ်သူကောင်လေး"" 


အီသန်က မာနကြီးတယ်ဆိုတာထက် သူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိပြီး မှန်တယ်ထင်ရင် ဘာကိုမှ မကြောက်တတ်တဲ့သူမျိုးဖြစ်တာကြောင့် မောက်မာတယ် .. ပေါင်းရသင်းရခက်တယ်ဆိုတဲ့ သတင်းတွေထွက်လာတာဖြစ်သည် ။ သူ့နေရာမှာ တခြားသူတွေဆို သူဌေးရုံးခန်းထဲထိ ရောက်လာပြီး စစ်ဆေးမေးမြန်းခံနေရတာမျိုးကို တုန်လှုပ်ပြီး အယောင်ယောင်အမှားမှားဖြစ်ကာ အခုလိုအမှန်တရားတွေကိုငြင်းနိုင်လောက်ပေမယ့် သူကတော့ တည်တည်ငြိမ်ငြိမ်ဘဲ ဝန်ခံသွားသည် ။ 


သူဌေးက အီသန့်မှာ ဒီလို သူများနဲ့မတူတဲ့ aura တစ်မျိုးရှိလို့ စတွေ့ကတည်းက ကုမ္ပဏီကိုမရောက်ရောက်အောင် scouting လုပ်ခဲ့ရသည် ။  အဲ့လို ဂရုမစိုက်တတ်တဲ့ ခပ်ချေချေပုံစံကြောင့်လည်း ဒီလောကမှာ မိန်းကလေးတွေကြားထဲ မြန်မြန်ရေပန်းစားလာတာဖြစ်မည် ။ 


"" ဖျက်လိုက်တော့ အီသန် ... အန်ကယ် မင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာအများကြီး ဝင်မပါချင်ဘူး ။ ဘာလို့ ဒီလိုပြောရလဲဆိုတာတော့ မောင်ရင် နားလည်တယ်မလား "" 

Ethos✔️Where stories live. Discover now