တစ်လမ်းလုံး " ကိုကို " ဆိုတာကို ပါးစပ်က မချဘဲ အီသန့်ရှေ့မှာ သူ့ကို သဲသဲလှုပ်ပြနေသော ဆောင်းဟွန်းကို ဂျိတ်ခ် တားဆီးနိုင်ခြင်းမရှိ ။ တစ်ခါမှ မတွေ့ဖူးတဲ့ ဆောင်းဟွန်းရဲ့ ပုံစံကို တွေ့လိုက်ရတာက ချစ်စရာကောင်းတယ်လို့တောင် တွေးမိသည် ။ ဒီတလော ဆောင်းဟွန်းသူ့ကို ရှောင်နေတယ်လို့ ထင်နေခဲ့တာမို့ အခုသူ့ဘက်က ပုံမှန်အတိုင်း စိတ်ဆိုးတဲ့ပုံမပေါ်ဘဲ ပေါ့ပေါ့ပါးပါး ဖြစ်နေတာကြောင့် ဂျိတ်ခ်အခုမှ သက်ပြင်းလေးခိုးချရသည် ။
ကားရှေ့ခန်းက အီသန်က ကားကိုသာ အရှိန်မှန်မှန်နဲ့ အာရုံစိုက်မောင်းနေသည် ။ သူ့ကိုလည်း နောက်နေ့ ဒါမျိုးအတွက် စတူဒီယိုကို မလာဖို့ ပြောထားရဦးမယ် ။ သူက ဒီနယ်ပယ်မှာ နာမည်ရပြီးသား မော်ဒယ်တစ်ယောက်ဖြစ်နေတော့ အရင် အေဂျင်စီတုန်းက တစ်ရက်တစ်ရက် နားချိန်တောင်မရှိဘဲ အလုပ်တွေပုံနေခဲ့ပေမယ့် အခုမှ အရမ်း အားလပ်နေသလိုဖြစ်နေတာတွေ များပြီ ။ ကြာကြာအဆက်အသွယ်ပြတ်လို့ အဆင်မပြေတဲ့ လောကမို့ သူလည်း နားလည်နိုင်လောက်ပါရဲ့ ။
"" ခင်ဗျား ပြန်ရင် အခက်အခဲဖြစ်နေမှာပေါ့ .. တက်စီစီးသွားလို့လည်း ဖြစ်မယ်မထင်ဘူး ""
"" မင်းကား ကိုယ့်ကို ပြန်ငှားလေ .. မနက်ကျရင် ကိုယ် ပြန်လာခေါ်ပေးမယ်""
အီသန့်ရဲ့ အကြံကတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်.. ဒီအတိုင်း အကြောင်းအရင်းမရှိဘဲ စတူဒီယိုကို ဝင်ထွက်နေရင် ဂျိတ်ခ်က ကြိုက်မှာမဟုတ်တာကြောင့် သူတို့ နှစ်ယောက်သဘာဝကျကျတွေ့ဖြစ်ဖို့ ဒီလိုပဲ ကြံဖန်စီစဉ်ရတော့သည် ။
သူ့အကြံသူပိုင်လှပြီ ထင်သော်လည်း အိမ်ပြန်ရောက်ရောက်ချင်း ဂျိတ်ခ်ရဲ့ ဆိုဆုံးမစကားတွေ တရစပ်ပြောသွားသောဖုန်းတစ်ကောကို လက်ခံရရှိလိုက်သည် ။ အကြာကြီး အလုပ်နားမနေသင့်ကြောင်း .. သူ့ကို ဒါမျိုးလောက်နဲ့ လာမကစားသင့်ကြောင်း .. မနက်ကျရင်လည်းလာကြိုစရာမလိုဘဲ စတူဒီယိုရှေ့မှာသာကားကို လာပြန်ထားပေးဖို့ နဲ့ အခုလို လေလွင့်နေတာမျိုး မမြင်ချင်ကြောင်း .. အစုံပါပဲ ။
YOU ARE READING
Ethos✔️
FanfictionHeejakehoon Book-2 of F A T E (Zawgyi+UNICODE) Cover _ WaengProdHES ** ပါဝင်သမျှ အချက်အလက်အားလုံးသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ **