" တင်နေတဲ့အကြွေးကို အခုပေးရင်ပေး .. မပေးရင် ပတ်ဆောင်းဟွန်းက အကြွေးယူထားပြီး ပြန်မဆပ်ပါဘူး ဆိုပြီး တစ်တိုက်လုံးကြားအောင်အော်ပစ်မယ် "
ဆောင်းဟွန်း ရှက်လွန်းလို့ မျက်နှာတစ်ခုလုံး ရဲနေသည် ။ သူ ချစ်တဲ့ အမျိုးသားငယ်သည် အချိန်ကြာလာတာနဲ့အမျှသူမတူအောင်ကလေးဆန်မှန်း တစ်ရက်ထက်တစ်ရက်ပိုနားလည်လာသည် ။ အများအမြင်မှာ သူကသာ အငယ်ဆိုပေမဲ့ အရှင့်သားထက် အသက်အများကြီးပိုကြီးတဲ့ဆောင်းဟွန်းက အသက် ၂၆ နှစ်အရွယ်ယောက်ျားပျိုတစ်ဦးရဲ့ ကလေးဆန်မှုကို အလူးအလဲသည်းခံနေရသည် ။
အခုလည်း ဘာရယ်မဟုတ်ဘဲ ဂျယ်ယွန်းပြောတဲ့စကားကိုသတိလက်လွတ်ခေါင်းငြိမ့်လိုက်မိတဲ့ အကျိုးဆက်က နှစ်ယောက်သား ပိတ်ရက်မှာဒီတ်ကြပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ ဆောင်းဟွန်းတစ်ယောက်အသည်းအသန်အရစ်ခံနေရသည် ။
" ဆောင်းဟွန်း .. အကြွေး အကြွေး အကြွေးပေး "
ဂျယ်ယွန်းက မျက်နှာကို ပြီတီတီလုပ်ပြီး အိပ်ခါနီးတောင်ခြေလက်မဆေးနိုင်ဘဲ ဧည့်ခန်းကဆိုဖာပေါ်တွင် ခြေချိတ်ထိုင်ကာ ဘေးကဆောင်းဟွန်းထံ မရမကအကြွေးတောင်းနေသည် ။ ဆောင်းဟွန်းကလည်း မသိချင်ယောင်ဆောင်ပြီး ဂျယ်ယွန်းစကားတိုင်းကို လျစ်လျူရှူထားသည် ။ ဂျယ်ယွန်း အဆက်မပြတ်တောင်းနေရတဲ့အကြွေးက ဘာများလဲ .. ။
////////////
နံနက် ၁၁ နာရီ ခန့် , စနေနေ့ ။
" ငါတောင်းပန်ပါတယ်ကွာ ..မင်းတို့ နှစ်ယောက်မလာပါနဲ့တော့ "
ဆိုင်ရှင်က နှင်ထုတ်ရသည်အထိ သူတို့နှစ်ယောက်က ဒီဆိုင်ကို ချောင်းပေါက်မတတ်လာဖူးသည် ။ ပိတ်ရက်ကို ဒိတ်လုပ်တယ်အမည်ခံပြီး စတူဒီယိုနားက ကော်ဖီဆိုင်မှာ ဆောင်းဟွန်းနဲ့ ဂျယ်ယွန်း နှစ်ယောက်အတူတူ တစ်နေကုန်အချိန်ဖြုန်းတတ်ကြသည် ။ ဒါက အပတ်တိုင်းလုပ်နေကြကိစ္စတစ်ခုဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် အချိန်ပြောင်းတတ်ကြတဲ့ ဝန်ထမ်းလေးတွေတောင် သူတို့နှစ်ဦးကို မှတ်မိကုန်ကြပြီ ။
YOU ARE READING
Ethos✔️
FanfictionHeejakehoon Book-2 of F A T E (Zawgyi+UNICODE) Cover _ WaengProdHES ** ပါဝင်သမျှ အချက်အလက်အားလုံးသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ **