Story or Real

1.1K 196 76
                                    

ဒီရက်ပိုင်း လူတော်တော်များများရဲ့ ပါးစပ်မှာရေပန်းစားနေတဲ့ သတင်းမျိုးစုံကြောင့် ကာယကံရှင်ဖြစ်တဲ့ အီသန် တော်တော်စိတ်ညစ်နေရသည် ။ သူ့အတွက်ဖုံးကွယ်စရာမရှိလို့ စိတ်ရှင်းရှင်းနဲ့ လိုက်လျောပေးလိုက်တဲ့ shirt off ပုံတွေနဲ့ ပက်သက်ပြီး သတင်းမျိုးစုံတက်နေတာကြောင့် ဖုန်းကို မကြည့်မိအောင် နေရင်းစိတ်ထိန်းနေရသည် ။ 

ပြဿနာက အီသန့်ရင်ဘတ်က တက်တူးစကားလုံးတွေကနေစတာပဲ ..။ 

အေဂျင်စီတွေ အားလုံးနီးပါးက model တွေကို body art လုပ်ခွင့်ပိတ်ပင်ထားတာကြောင့် model တွေမှာ တက်တူးရှိတယ်ဆိုတာ အလွန်ရှားပါသည် ။ တကမ္ဘာလုံးကို ဖြန့်ချီမည့်သူတို့ရဲ့ ပုံရိပ်မှာ ကလေး ၊ လူကြီးမရွေး အမြင်တင့်တယ်စေဖို့ တက်တူးရှိရင်တောင် ဖုံးဖိပြီး တင်ကြသည်သာများ၏ ။ ဆယ်ကျော်သက်ကောင်မလေးတွေအနေနဲ့ကတော့ အီသန့်ရဲ့ အချိုးအဆညီသော အပေါ်ပိုင်းခန္ဓာကိုယ်ကို သဘောမတွေ့စရာအကြောင်းမရှိ ။ 

ရင်ဖိုဖွယ်ကောင်းသောအနီးကပ် ပုံတစ်ပုံတွင် စူးစူးစိုက်စိုက်ကြည့်စရာမလိုဘဲ ထင်ရှားနေသောထိုနာမည်ကြောင့်သာ သတင်းမျိုးစုံထွက်လာရခြင်းဖြစ်သည် ။ 

"" Shim Jake "" 

အတိုကောက်နာမည်တောင်မဟုတ်ဘဲ ပြည့်ပြည့်စုံစုံ ဖြစ်နေသော ထိုနာမည်က အီသန့်လောက် နာမည်ကြီးမဟုတ်သော်ငြား မော်ဒယ်လောကတွင်တော့ ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ရော Studio J ရဲ့ owner အနေနဲ့ပါ လူသိများသည် ။ 

"" Shim Jake က အီသန့် ချစ်သူလား "" 

"" Shim Jake နဲ့ဘယ်လို ပက်သက်နေတာလဲ "" 

"" ဘာလို့ သူ့နာမည်က အိုပါးရဲ့ ရင်ဘတ်ပေါ်ရောက်နေတာလဲ ""

"" Shim Jake ကဘယ်သူလဲ ..ငါ့ကိုပြောပြကြပါဦး ။ မော်ဒယ်လား ""

"" Shim Jakeက photographer  ဆိုတော့ အချင်းချင်းနီးစပ်ပြီးသားပေါ့ ။ တွဲတာ ဘယ်လောက်တောင်ကြာနေပြီလဲ မသိဘူး ။ ငါတော့ တကယ်အသည်းကွဲတာ ""

brand ကြော်ငြာရဲ့ ပို့စ်အောက်မှာ ထိုကဲ့သို့သော ကောမန့်များ အလွန်အမင်းဖောင်းပွလာမှုကြောင့် ပို့စ်ကို ပြန်ဖျက်လိုက်ရတဲ့ အထိ သတင်းတွေဟိုးလေးတကြော်ကြော်ဖြစ်သွားသည် ။သို့သော် ပုံတွေက website အစုံအလင်မှာ ပျံ့နှံ့နေပြီဖြစ်သောကြောင့် စက္ကန့်မလတ် ခေါင်းစဉ်အစုံအလင်နဲ့တင်ဖို့ သတင်းထောက်တွေ အလုပ်ရှုပ်နေကြသည် ။ 

Ethos✔️Where stories live. Discover now