I (don't) miss you

1.1K 190 86
                                    

"" အာ .. ကြက်အူချောင်းတွေက ပလတ်စတစ်မခွာရသေးဘူး ဂျိတ်ခ်ရေ ""

အိပ်ချင်မူးတူးနဲ့ အိတ်ထဲက ကြက်အူချောင်းတွေကို ခေါက်ဆွဲပြုတ်အိုးထဲ ပစ်မထည့်ခင် လှမ်းတားသော အီသန့်ကြောင့် သူပြန်ကြည့်မိတော့မှ ဟုတ်ပါရဲ့ .. ပလတ်စတစ်ခွာဖို့ မေ့နေတာပဲ ။ အီသန်က သူ့ကို ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ဖို့ပြောပြီး ခေါက်ဆွဲဆက်ပြုတ်ပေးသည် ။ 

"" ကိုယ့်ကိုပြောရင် ကိုယ်လုပ်ပေးမှာပေါ့ ..""

"" ဒါက အစလိုက်ပြောနေရင် အားနာစရာကြီး .. ခင်ဗျားက ကျွန်တော့် အဖေလည်းမဟုတ်ဘူးလေ အီဟီဆွန်းရယ် ""

အတူရှိတာလာတာ တစ်လနီးပါးကြာနေလို့ သူ့ကွန်ဒိုနဲ့ အသားကျနေပြီဖြစ်သော်လည်း သူ့ကို အားနာစိတ်ဝင်နေသေးတာက သူစိမ်းလို့ သတ်မှတ်နေသေးတဲ့သဘော ။ ဂျိတ်ခ်ရဲ့စိတ်က ခန့်မှန်းရခက်လာပြီး တခါတရံ ပြန်အဆင်ပြေလာပြီလို့ထင်လိုက်ပေမယ့် ရုတ်ချည်းအေးတိအေးစက်ဖြစ်သွားတတ်သည် ။ 

အပြောင်းအလဲတစ်ခုကတော့ သူ့ကို နာမည်အရင်း " အီဟီဆွန်း " ဟုခေါ်ဝေါ်လာခြင်းပင် ။ ဒါကလည်း ဂျိတ်ခ်သူ့ကို ပြန်ရင်းနှီးလာပြီလို့  လို့ဖြည့်တွေးလို့ရနိုင်သည် ။ 

ပြန်လာချင်လား လို့မေးပြီး သူငယ်ချင်းလိုပဲ ဆက်ဆံနေတဲ့ ဂျိတ်ခ်က ပုံမှန်အတိုင်း သူ့အလုပ်သူလုပ်ပြီး အချိန်တန် အိမ်ပြန်လာတတ်သည် ။ သူကသာ ဂျိတ်ခ်အိမ်ပြန်လာတဲ့အချိန်ခဏလေးကို မတွေ့ရမှာကြောက်လို့ တစ်နေကုန်အိမ်ကနေမခွာနိုင်ဖြစ်နေရသည် ။ ထိုအချိန်လေးပဲ ဂျိတ်ခ်မျက်နှာကိုမြင်ရတာ ..ကျန်တဲ့အချိန်တွေဆို အရင်လို သူတစ်ယောက်တည်း အိမ်မှာ ခြောက်ကပ်ကပ်ရယ် ။ 

မနက်ဆို ဂျိတ်ခ် အလုပ်မသွားခင် သူစောစောထပြီး မနက်စာထလုပ်ပေးရတာမျိုးကို ပျော်သည် ။ သူကတော့ ဖြည့်စွက်စာ ပရိုတင်းပဲ သောက်လေ့ရှိသော်လည်း ဂျိတ်ခ်ကို အခုလို ကူညီခွင့်ရတာကိုကကျေနပ်ဖွယ်ရာ ။ 

"" အတူစားကြမယ်လေ ၊ တူတစ်စုံ နဲ့ ပန်းကန်အပို ယူလာခဲ့ ""

Ethos✔️Where stories live. Discover now