"" ကင်မရာကို မြင်တိုင်း ငါတို့ နီခီလေးကို သတိရနေတော့မှာပဲ ""
ဂျိတ်ခ်က နှမြောတသဆိုတော့ နီခီ နေရခက်စွာရယ်ပြလိုက်ရသည် ။ သူလည်း ဂျပန်ကို ဘယ်ပြန်ချင်ပါ့မလဲ ။ ၂ နှစ်တာကာလအတွင်းမှာ အိမ်ကိုတောင်မေ့ထားပြီး အစ်ကိုဂျိတ်ခ်တစ်ယောက်ကိုပဲ ကြည့်နေခဲ့တာလေ ။
မဖြစ်ပါစေနဲ့လို့ ကြိတ်မှိတ်ဆုတောင်းနေခဲ့ပေမယ့် သူ့ခန့်မှန်းချက်တွေက မှန်နေခဲ့သည် ။ ဆောင်းဟွန်းကလည်း အစ်ကိုဂျိတ်ခ်ကို သဘောကျနေသတဲ့ ။ ပိုပြီး ရက်စက်တဲ့ အမှန်တရားက အစ်ကိုဂျိတ်ခ်လည်း ဆောင်းဟွန်းကို ချစ်နေခြင်းပါဘဲ ။
~~~~~~~~~~~~~~~
"" ကောင်းကောင်းသွား .. အဆက်အသွယ်တော့ပြတ်အောင်မလုပ်နဲ့ ဂျပန်အထိလိုက်လာမှာနော် ""
ဂျိတ်ခ်က အစ်ကိုကြီးတစ်ယောက်သဖွယ် ဆူဆူပူပူလုပ်နေတော့ နီခီ ကိုရီးယားမြေက ထွက်ခွာရတော့မှာကို ပိုပြီးဝမ်းနည်းလာသည် ။ အဲ့လိုမှန်းသိရင် လေဆိပ်အထိ လိုက်မပို့ခိုင်းဘဲနေရမှာ ။ အခုတော့ ကျန်နေခဲ့မယ့် အစ်ကိုဂျိတ်ခ်မျက်နှာကို သူဘယ်လိုရင်ဆိုင်ရမှာလဲ ။
"" နည်းနည်းတော့ စောင့်ရဦးမယ် ။ မင်းကိုက ဝီရိယကောင်းလွန်းတာပါ ..ဘယ်သူမှတောင်မလာသေးဘူး မင်းစီးမယ့် လေယာဉ်ကိုမောင်းမယ့် pilot ဆို သူ့အိမ်မှာ အိပ်ရင်အိပ်နေလောက်ဦးမှာ ""
ဒီနေ့မှ သူစိတ်ပျော်အောင် အစ်ကိုဂျိတ်ခ်ကဟာသတွေထိုင်ပြောပေးနေပေမယ့် နီခီ ရယ်နေရတာတောင် စိတ်မပါတော့ပေ ။ ၂ နှစ်အတွင်းမှာ နေ့တိုင်းတွေ့နေကျ လူတစ်ဦး ချက်ချင်းပျောက်သွားတော့မှာဆိုတော့ အစ်ကိုဂျိတ်ခ်အနေနဲ့ရော ဘယ်လို ခံစားနေရမလဲ ။ သူ့ကို ညီလေးတစ်ယောက်အနေနဲ့ ၊ လုပ်ဖော်ကိုင်ဖက်အနေနဲ့ လွမ်းနေရုံပဲလား ။
"" တကယ်တော့ .. ကျွန်တော် အစ်ကိုဂျိတ်ခ်ကို မပြောဘူးလို့ဆုံးဖြတ်ထားပေမယ့် ပြောချင်တဲ့စကားတွေရှိတယ် ၊ အခုချိန်မှာမှ မပြောလိုက်ရရင် တစ်သက်လုံးနောင်တရနေမယ်ထင်တယ် ""
"" ဘာများလဲ .. အစ်ကိုဂျိတ်ခ်ကအလုပ်တွေအရမ်းခိုင်းပါတယ်တို့ ၊ ပိတ်ရက်တောင်မနားခိုင်းပါဘူးတို့ .. ကိုယ်ရေးကိုယ်တာက အစ လုပ်လက်စတွေက အဆုံးမရပ်မနားခိုင်းတာ မကျေနပ် ..""
YOU ARE READING
Ethos✔️
FanfictionHeejakehoon Book-2 of F A T E (Zawgyi+UNICODE) Cover _ WaengProdHES ** ပါဝင်သမျှ အချက်အလက်အားလုံးသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ **