Restart

1.1K 190 145
                                    

"" ခင်ဗျား ကျွန်တော့်ဆီပြန်လာချင်လား အီသန် ""

သူတို့နှစ်ဦးရဲ့ ပြန်လည်စတင်ခြင်းကို သူငယ်ချင်းအချင်းချင်းသာမန်စကားပြောကြသလိုမျိုးဖြင့်သာ ရိုးရှင်းစွာ အထမြောက်စေသည် ။ အီသန်ကတော့ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူသားတစ်ဦးလို ကျေနပ်စွာ ခေါင်းငြိမ့်ကာ ပီတိမျက်ရည်ဝဲလျက် သူ့ကို ငေးကြည့်၏ ။ 

ဂျိတ်ခ်ရဲ့ မျက်နှာက ဆောင်းဟွန်းရှေ့မှာလိုမျိုး ငြိမ်သက်နေကာခံစားချက်မဲ့နေတဲ့သူလိုဖြစ်နေသည် ။ သူလုပ်နေတာတွေမှန်ရောမှန်ရဲ့လား ဆိုပြီး လမ်းမှန်တည့်ပေးမယ့်သူလည်း သူ့နားမှာ တစ်ယောက်မှမရှိပေ ။ ရှိခဲ့ရင်တောင် ဂျိတ်ခ်က နောက်ဆုံး သူထင်တာသူလုပ်မယ့်သူမျိုးပဲဖြစ်လိမ့်မည် ။ 

အီသန်က သူမဟုတ်သလို ဘာစကားမှမပြောရဲဘဲ ရှက်နေကာ ဝိုင်ခွက်ကို တုန်တုန်ရီရီ လှုပ်ခါနေသည် ။ သူတို့ရောက်နေတဲ့နေရာက ဂျိတ်ခ်အီသန့်ကို "ဒိတ်ကြမလား " ဆိုပြီး စတင်တောင်းဆိုခဲ့တဲ့နေရာ တစ်နည်းအားဖြင့် ဂျိတ်ခ်နဲ့ အီသန်တို့နှစ်ဦးလုံးနှင့် ရင်းနှီးသော ပိုင်ရှင်မိတ်ဆွေတစ်ဦးရဲ့ ဘားမှာဖြစ်သည် ။ လူရှင်းသော မှောင်ရိပ်ကျသည့်နေရာမျိုးကို သီးသန့်တောင်းဆိုထားတာကြောင့် သူတို့နှစ်ဦးကို မည်သူမှ အာရုံမစိုက်နိုင် ။ 

""ကိုယ်ပြောချင်တာ ""

အီသန်က ရဲဆေးတင်တဲ့အနေနဲ့ ခါးသက်သက်ဝိုင်ကို တစ်ငုံလောက်မော့ရင်း ဂျိတ်ခ်ရဲ့ မျက်ဝန်းတွေကို ကြင်ကြင်နာနာစိုက်ကြည့်လာသည် ။ 

"" ပြောလေ ..""

ဂျိတ်ခ်က သူ နားထောင်နေပါကြောင်း စကားဆက်သောအခါ ပြောသင့်မပြောသင့် တွေ့ဝေသွားသည် ။ ဂျိတ်ခ်နဲ့သူ့ကြားမှာ ပြတ်စဲသွားပြီးမှပြန်ပြေလည်တဲ့ ချစ်သူရည်းစားနှစ်ဦးရဲ့ အငွေ့အသက်တွေကင်းမဲ့နေပြီး သူစိမ်းဆန်ဆန်စည်းအထပ်ထပ်ခြားနေသလို ခံစားလိုက်ရသည် ။ 

ဘာတွေကများ မင်းကို ဒီလောက်အထိ ပြောင်းလဲ သွားစေတာလဲ ကလေးငယ် ..

နာကျင်စေခဲ့သူက ကိုယ်ပဲမို့ အပြစ်ရှိစိတ်နဲ့ မင်းကို ပိုတိုးလို့ အားနာမိတယ် ။ 

Ethos✔️Where stories live. Discover now