I'll be waiting for you forever

1.2K 209 64
                                    


""ကျွန်တော် အခုလိုပြောတာက အစ်ကိုဂျယ်ယွန်းနေရခက်မှာစိုးလို့ ကျွန်တော့်ဘက်ကစပြီး ဖွင့်ပြောတဲ့သဘောပါ  ။ ဟို နေ့က အစ်ကို ဘာတွေပြောခဲ့လဲ ဆိုတာ .. "" 


ကိုယ့်အမှားကိုယ် သိတာကြောင့် ဂျိတ်ခ် သဘောပေါက်သွားပြီး ဆက်မပြောဖို့ လက်ကာပြလိုက်သည် ။ သူ့ဘက်ကတောင် မပြောချင်လွန်းလို့ရှောင်နေတာကို ဆောင်းဟွန်းက တည့်တိုးပြောလာတော့ ဂျိတ်ခ် ဘယ်လို တုံ့ပြန်ရမလဲတောင်မသိတော့ဘဲ ပူထူသွားသည် ။ 


အခုတော့ ဟွန်းတီးသံတညံညံ နဲ့ လမ်းလယ်ခေါင်မှာရပ်နေတဲ့သူတို့ကားကို ယာဉ််ထိန်းရဲ ရောက်မလာခင် အမြန် ဖယ်ပေးဖို့လိုသည် ။ 



"" မင်းပြောချင်တာက အီသန့်ရှေ့မှာဆို ကိုယ့်ကောင်လေးအဖြစ်နဲ့ နေပေးမယ်လို့ပြောတာလား "" 


ဂျိတ်ခ်က ကားမောင်းနေရင်း ဆောင်းဟွန်းကိုမကြည့်ဘဲ စိတ်မြန်လက်မြန်မေးသည် ။ ဆောင်းဟွန်းက ဘာမှပြန်မဖြေ ။ 


"" အဲ့လိုဆို တော်သေးတာပေါ့ .. "" 

"" မဟုတ်ရင် ကိုယ်မလွယ်ဘူး ။ သူ့ရှေ့မှာမလို့ မင်းကို အသုံးချမိသလိုဖြစ်သွားတာ တောင်းပန်ပါတယ် ။ အဲ့တာကို ပြန်တွေးတိုင်း မင်းကို အရမ်းအားနာနေတာ "" 


ပြောချင်တာတွေကို တရစပ်ပြောကာ ထင်ချင်သလိုထင်ပြီး ဆောင်းဟွန်းနဲ့သူနဲ့ ညှိနှိုင်းခြင်းပြီးဆုံးပြီဟု သတ်မှတ်လိုက်သော ဂျိတ်ခ် ကို ဆောင်းဟွန်း ဘာမှ ပြန်မပြောချင်တော့ပါ ။ အမှန်တကယ် သူဆိုလိုချင်တာက အီသန် ဆိုတဲ့သူကြောင့် အစ်ကို ဂျယ်ယွန်းအနားမှာနေပေးတာမှမဟုတ်တာ ..  ချစ်လွန်းလို့ကိုယ့်နည်းကိုယ့်ဟန်နဲ့ သူ့အနားရောက်အောင် လာခဲ့ရသော်လည်း အထင်လွဲသွားပြန်သောကြောင့် သူ စိတ်ညစ်သွားရသည် ။ 


အရင်ဘဝတုန်းကတော့ သွက်သွက်လက်လက်ကျောင်းသားလေးဆိုပြီး အေးတိအေးစက်နေတဲ့သူ့ကိုတောင် မကြောက်မရွံ့ဖွင့်ပြောခဲ့သေးတာပဲ ။ အဲ့တုန်းက မှတ်ဉာဏ်လေးများ နည်းနည်းလောက်အရှင့်သားဆီမှာ ပါလာခဲ့ရင် သူဒီလို အခက်တွေ့နေမယ်မထင်ဘူး ။ 

Ethos✔️Where stories live. Discover now