၂၀၁၉ ခုနှစ် ၊ ဆိုးလ်မြို့ ။
"" လမ်းမှားလာတာလား ..တမင်လာတာလား ။ စတူဒီယိုပိုင်ရှင်လေး ""
"" ဟားဟား .. မနောက်ပါနဲ့ အစ်ကိုကလည်း ""
ဘာသာစကားမေဂျာယူထားတဲ့ သူ့အဖို့ ကိုရီးယားစကားလုံးတိုင်းက အချိန်ပြည့်သင်ယူစရာများဖြစ်နေသည် ။ သူ့အနားမှာ ဘယ်သူကစကားလာပြောသည်ဖြစ်စေ စပ်စုသည့်သဘောမဟုတ်ဘဲ ကြားရသောစကားလုံးတိုင်းကို သူဘာသာပြန်လေ့ရှိသည် ။ အဓိပ္ပါယ်ကိုသိလိုရုံသာဖြစ်ပြီး အကြောင်းအရာကိုတော့ သူ စိတ်မဝင်စား ။
အိတ်ဆောင်မှတ်စုစာအုပ်လေးနှင့်အတူ ခဲတံတစ်ချောင်းကိုလည်း ဆုပ်ကိုင်ထားသေးသည် ။ သူနားမလည်လိုက်သော စာလုံးကို အနီးစပ်ဆုံးအသံထွက်တူအောင်လိုက်မှတ်ပြီး အိမ်ပြန်ရောက်မှ သေချာ ပြန်လေ့လာတတ်သည် ။ အဲ့လို အချိန်ပြည့် စိတ်အားထက်သန်စွာသင်ယူနေလို့လည်း အတန်းထဲက နိုင်ငံခြားလူမျိုးတွေကြားထဲမှာသူက အမှတ်အကောင်းဆုံးကျောင်းသားဖြစ်နေတာ ။
ဘွဲ့ရခါနီးပင်ဖြစ်သော်လည်း သူ့မှာ ခင်မင်ရသော သူငယ်ချင်းက လက်ချိုးရေ၍ရသည် ။ သူ့ပုံစံက အပြင်ပိုင်းဆို ကြောက်စရာကောင်းတယ်လို့ အတန်းဖော်တော်တော်များများက ပြောကြတယ် ။ တက္ကသိုလ်တက်နေပေမယ့် ကျောင်းသားတွေ့ဆုံပွဲတွေဆိုသူတစ်ခါမှ မသွားဖူးပေ ။ စကားအများကြီးပြောရတာမျိုးဆို သူမုန်းပါသည် ။ ဒါကြောင့် တွေးကြည့်ရင် သိပ်တော့မကောင်းပေမယ့် ကိုရီးယားလူမျိုးတွေ စကားပြောတာကြားချင်ရင် မသိမသာ ချောင်းနားထောင်တဲ့ နည်းလမ်းကိုသာ သုံးရတော့သည် ။
"" ကျစ် ""
သူတို့လူမျိုးအချင်းချင်းဆို စကားပြောတာ အရမ်းမြန်ကြပြီး သူကိုယ်တိုင်ပင် မသိလိုက်သော စကားလုံးတွေပါသောကြောင့် တတ်နိုင်သလောက် မှတ်စုစာအုပ်ထဲမှာ လိုက်မှတ်နေရသည် ။ အရေးကြုံမှ ခဲတံက လက်ထဲမှ ချော်ထွက်ပြီး လွတ်ကျသွားတာကြောင့် သူ စိတ်ပျက်လက်ပျက် စုတ်တစ်ချက်သတ်လိုက်သည် ။
YOU ARE READING
Ethos✔️
FanfictionHeejakehoon Book-2 of F A T E (Zawgyi+UNICODE) Cover _ WaengProdHES ** ပါဝင်သမျှ အချက်အလက်အားလုံးသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ **