"" ဒီ နှင်းဆီပွင့် ၄ ပွင့်ကို အစ်ကို့ နာမည်နဲ့ လာပို့ထားတယ် ""
စတူဒီယိုထဲလာလာချင်းစောင့်ကြိုနေတဲ့ သေချာ ထုတ်ပိုးထားသော နှင်းဆီနီနီလေးပွင့် အံ့ဩသွားရသည် ။ ပေးပို့သူမည်သူမှန်းမသိရသောကြောင့် မှားယွင်းစွာရောက်လာသလားဟု တွေးမိသွားရပြန်သည် ။ ဂျိတ်ခ်ကို နှင်းဆီပန်းပေးရလောက်တဲ့ အထိ ရင်းနှီးတဲ့သူက အခုချိန်မှာ သူစိမ်းတွေဖြစ်နေခဲ့ပြီမဟုတ်လား ။
ဒါမှမဟုတ် .. နီခီရဲ့ စနောက်မှုတစ်ခုလည်း ဖြစ်နေနိုင်တယ် ။ နီခီက အလုပ်လုပ်တဲ့နေရာမှာ အသက်ငယ်သလောက် တိကျမှုရှိပေမယ့် ပုံမှန်အချိန်ဆို ပေါ့ပေါ့ပါးပါး အစအနောက်သန်တဲ့ ကလေးတစ်ယောက်သာဖြစ်သည် ။
"" ရုပ်ရှင်ဆန်ဆန် လာနောက်နေပြန်ပြီ ထင်တယ် .. တစ်ယောက်ယောက်ကတော့ ""
နီခီက ကွန်ပျူတာရှေ့ကနေ မခွာဘဲ သူ့စကားကို မကြားချင်ယောင်ဆောင်နေတော့ သူပေးတယ်ဆိုတာ သေချာသလောက်ဖြစ်နေသည် ။ postcard လေးတစ်ခုတောင်ပါလာသေးတယ် ။ ဒီကလေးကတော့ သူ့ကို အစွမ်းကုန် နောက်ပြောင်ဖို့သေချာကြိုးစားထားတာပဲ ။
** Nothing will ever come between us **
"" မင်းကို အလုပ်ဖြုတ်ပစ်ပြီး အသစ်ခန့်လိုက်တော့မယ် ။ ငါ့ စတူဒီယိုမှာ ဂျပန်လူမျိုးလက်မခံကြောင်းလည်း ဆိုင်းဘုတ်ပါချိတ်ထားမယ် ""
သူ့ကိုပြောနေမှန်းသိတော့မှ ပြာပြာသလဲ ဂျိတ်ခ်ရှိရာနေရာဘက်ကိုလှည့်လာသည် ။ ထို့နောက် အူကြောင်ကြားအကြည့်နဲ့ ကြည့်တော့ ဂျိတ်ခ် သူ့ကို ဘာပြောရမှန်းတောင်မသိတော့ပေ ။
"" မင်း ပေးတာမလား ""
"" ဘယ်ကသာ .. ကျွန်တော့် မှာ အလုပ်တွေရှုပ်နေတာနဲ့ မနက်စာတောင်မီအောင်မစားနိုင်ဘူး ။ ပန်းဝယ်ဖို့ဆို ဝေးရော ""
ဒါဆို သူ့ရှေ့က နှင်းဆီ ၄ပွင့်က အဘယ်ကြောင့် သူ့စားပွဲပေါ်ကို ရောက်လာရသနည်း ။ ဂျိတ်ခ် ဆိုတဲ့ နာမည်ပါတပ်ထားတာကြောင့် မှားရောက်လာတယ်ဆိုတာ မဖြစ်နိုင်တော့ပေ ။
YOU ARE READING
Ethos✔️
FanfictionHeejakehoon Book-2 of F A T E (Zawgyi+UNICODE) Cover _ WaengProdHES ** ပါဝင်သမျှ အချက်အလက်အားလုံးသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ **