"" ဟင် .. ဘယ်လိုလုပ် ခင်ဗျား ""
လုပ်လက်စ အလုပ်တွေလက်စသတ်ပြီးတော့ စတူဒီယိုတံခါးကို ပိတ်ဖို့လုပ်တော့ စတူဒီယိုနဲ့ သိပ်မဝေးနဲ့ နေရာမှာ တွေ့လိုက်ရတဲ့ လူတစ်ယောက်ကြောင့် ဂျိတ်ခ်မနေနိုင်ဘဲ အပြင်ထွက်ကြည့်ရတော့သည် ။
အီသန်က သူ့ကားကို မှီထားပြီး အနွေးထည်ခပ်ပါးပါးဝတ်ထားကာ စတူဒီယိုဘက်ကိုလှမ်းမျှော်ကြည့်နေတာ ။ mask တပ်ထားပေမယ့် သူ့ကို ဂျိတ်ခ်မမှတ်မိစရာအကြောင်းမရှိ ။
"" ကိုယ်ပြောခဲ့တယ်လေ .. မနက်ဖြန်စတူဒီယိုကိုလာခဲ့မယ်လို့ ""
"" အချိန်ကိုလည်းကြည့်ဦး ၁၁ နာရီထိုးတော့မယ် ။ ခင်ဗျား မန်နေဂျာရော ""
"" ကိုယ့်မှာ မန်နေဂျာမရှိတော့ဘူး ""
ဂျိတ်ခ် မျက်လုံးလေးပြူးသွားတော့ ဟီဆွန်းရဲ့ ခပ်မြူးမြူးရယ်သံကိုကြားလိုက်ရသည် ။ သူ့ရှေ့က အမျိုးသားက ဒီကိစ္စကို အလွယ်လေးစနောက်စရာလို့ထင်နေတာလား ..။
"" ကိုယ် အေဂျင်စီနဲ့ စာချုပ်ပြည့်သွားပြီ ။ ဆက်ပြီး လက်မတွဲဖြစ်တော့ဘူး .. ""
"" ဒါဆို ခင်ဗျားက အခု freelance model ဖြစ်သွားပြီပေါ့ ""
ဟီဆွန်းက mask ကို ချွတ်လိုက်ပြီး အားပါးတရ ပြုံးပြကာ ကျေကျေနပ်နပ်ကြီး လက်ခံခေါင်းငြိမ့်တယ် ။ အမှန်အတိုင်းပြောရရင် ဟီဆွန်း ဒီလောက်ပျော်နေတာ ဂျိတ်ခ်တစ်ခါမှမမြင်ဘူးပါ ။ ဒိတ်ဒိတ်ကြဲ အောင်မြင်နေတဲ့ အေဂျင်စီနဲ့ လက်တွဲဖြုတ်လိုက်တာကို ပျော်နေတဲ့ သူမျိုး သူ့မျက်စိရှေ့မှာ မြင်နေရတာ ယုံနိုင်စရာတောင်မကောင်း ။
"" ဘာလို့ ဒီကိုရောက်လာတာလဲ ""
"" တွေ့ချင်လို့ ""
ဂျိတ်ခ် သူ့ လက်သီးလေးကို ဖွဖွလေးဆုတ်လိုက်မိသည် ။ သူ နဲ့အလုပ်တွဲလုပ်ဖို့ လက်ခံလိုက်မိတာများမှားသွားပြီလား ။ လွန်ခဲ့တဲ့ ၃ နှစ်လုံး အနားမှာမရှိခဲ့ဘဲ အခုမှ ရုတ်ချည်း အနားကို ပြန်ရောက်လာကာ သူ့ဘက်က ပုံမှန်လို ပြောဆို ဆက်ဆံနေတာ ဂျိတ်ခ်အတွက် အလွန်နေရခက်စေသည် ။
YOU ARE READING
Ethos✔️
FanfictionHeejakehoon Book-2 of F A T E (Zawgyi+UNICODE) Cover _ WaengProdHES ** ပါဝင်သမျှ အချက်အလက်အားလုံးသည် စိတ်ကူးသက်သက်သာဖြစ်ပါသည်။ **