The Way We Met (1)
"ငှက်ဥ ခုနစ်လုံးရှိတာကို ဒိုင်နိုဆောက ငှက်ဥ တစ်လုံးစားလိုက်ရင် ဘယ်နှစ်လုံးကျန်ခဲ့မလဲ "
"ကျိန်းသေပေါက် ခြောက်လုံးပေါ့
လွယ်လွယ်လေး ""အဲ့ဦးနှောက်နဲ့ ငါ့ကို ရည်းစားစကားလာပြောနေတာလား "
"အင့်.. ! "
မေးခွန်းလွယ်လှပြီထင်ပြီး မျက်နှာစပ်ဖြဲဖြဲ ဖြစ်နေတဲ့ ဆံပင်ရွှေအိုရောင် ဆံကေသာနှင့် မျက်လုံးလှလှ မိန်းကလေးဟာ တစ်ဖက်ဆီက မေးခွန်းဟု မခေါ်ဆိုထိုက်သော အပြစ်တင်စကားကို နင့်ခနဲ ခံလိုက်ရသည်
------------------
"ဟား ဟား ဟား
သနားစရာ လီလီလေး
ဆယ့်ခြောက်ခါမြောက် အငြင်းခံလိုက်ရတဲ့ ခံစားမှုလေး ပြောပြပါဦး "အသံဗြဲကြီးနဲ့အော်ရယ်နေတဲ့ သူငယ်ချင်းဖြစ်သူကို ရန်မတွေ့အားဘဲ ကြိုးစားပမ်းစားနှင့် လက်ချောင်းခုနစ်ချောင်းထောင်ကာ တစ်ကို အပြန်ပြန်အလှန်လှန် နှုတ်နေမိသည့် လီဆာ
"ဘယ်လိုနှုတ်နှုတ် ခြောက်ရနေတဲ့ဟာကို ဘာလို့အငြင်းခံလိုက်ရတာလဲ ငါစဉ်းစားလို့မရဘူး ဂျီဆူး"
"မူလတန်းကလေးတောင် ယပ်ခတ်ပြီးဖြေလို့ရတဲ့မေးခွန်း နင့်ကို မေးမလား လာလီဆာရဲ့ "
"ဟင်... အဲ့ဒါဆို သူ ဘာမေးတာလဲ "
"ငါ့ရဲ့ မြင့်မားလှတဲ့ ဥာဏ်ရည်နဲ့ပြောရမယ်ဆိုရင်........."
ဂျီဆူးနှုတ်ကနေ ထွက်လာမယ့် နောက်ဆက်တွဲစကားလုံးတွေကို မျက်တောင်မခတ်တမ်း မျှော်လင့်နေတဲ့ လီဆာကြောင့် ဆက်မပြောဘဲ ရပ်နေလိုက်သည်
"ရား... ပြောစရာရှိတာပြောစမ်းပါ"
"ပြောပြတော့ရော နင့်အဖြေက နောက်ကျသွားပြီလေ
ဟိုက နင့်အဖြေကို လက်ခံမယ်ထင်လား "ဂျီဆူး ထိုင်ခုံနောက်အမှီကို ကျောနှင့်ကပ်လိုက်ပြီး လက်ပိုက်ကာ ခြေထောက်နှစ်ချောင်းချိတ်ပြီး စာရေးစားပွဲပေါ် တင်လိုက်သည်
"သူ့ဆီက ခဏခဏ အငြင်းခံရတော့ ငါ့ဦးနှောက်ကိုတောင် သံသယရှိလာပြီ
အမေ ပြောသလို ငါ့ဦးနှောက်ထဲမှာ ချီးတွေပဲရှိနေတာလားမသိဘူး "
YOU ARE READING
The Way We Met (Blackpink Myanmar Fanfiction)
Fanfictionအမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ အမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ