The Way We Met (21)
"ငါ့ကို သဘောကျလို့မရဘူးနော် ဂျန်းနီ"
သစ်ရွက်နေရာလွတ်တွေကြားက အတင်း တိုးဝင်လာသည့် နေပြောက်များသည် ဂျီဆူး၏ မျက်နှာပေါ်တွင် ဟိုတစ်ကွက် ဒီတစ်ကွက်နှင့် နေရာယူထားသည်။
တစ်စက္ကန့်...
နှစ်စက္ကန့်...
သုံးစက္ကန့်...ကျောင်းအရှေ့ဘက်ကွင်းပြင်ဆီမှ ကျောင်းသားတစ်ချို့၏ အော်ဟစ်သံမှလွဲ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်လျက်ရှိသည်။
အံကြိတ်ထားသည်ကြောင့် ဂျန်းနီ၏မေးရိုးမှာ ထောင်စပြုနေလေပြီ။
ဘယ်လိုလုပ်ပြီး သတိထားမိသွားတာလဲလို့ မေးခွန်းထုတ်ရမယ့်အစား ဂျီဆူးစကားကို ဘဝင်မကျမှုတွေကြောင့် စိတ်တိုသွားရသည်။
"ကိုယ့်ကိုယ်ကို အရမ်းတွေအထင်ကြီးမနေနဲ့ ဂျီဆူး
နင့်ကို သူငယ်ချင်း...သူငယ်ချင်းတစ်ယောက်လို သဘောထားပြီး စိတ်ပူပေးနေမိတာ ။
ဒါပေမယ့် နင်ကတော့ ဟို ယောင်ဘင်းဆိုတဲ့ကောင်နဲ့ ဘာမှ ထူးမခြားနားပါပဲ ""....."
"နင့်ဟာနင် ဆေးလိပ်ပဲသောက်သောက် ခေါင်းရိုက်ခံရရုံမကလို့ ဘာကြီးပဲဖြစ်နေပါစေ ငါ့အပူတစ်ပြားသားမှမပါတဲ့အတွက် နောက်ဆို လျစ်လျူရှုသွားမှာမို့လို့!"
ကျောခိုင်းလိုက်သည်နှင့် ထိန်းချုပ်ထားရသည့် မျက်ရည်တို့မှာ တာကျိုးသကဲ့သို့ပင်။
ဘာလို့ သဘောကျခွင့်မရှိရတာလဲလို့ အော်ဟစ်ပြီးမေးလိုက်ချင်ပါရဲ့။ ဂျီဆူးဆီကအဖြေကိုလည်း ဂျန်းနီ မလိုချင်မသိချင်ခဲ့ပါဘူး။ကိုယ်ကိုယ်တိုင်တောင် သူ့ကို သဘောကျနေမိမှန်း သတိထားမိသွားတာ တစ်ပတ်တောင်မပြည့်သေးဘူးလေ။ လူငယ်ဘဝရဲ့ စိတ်အလှုပ်ရှားရဆုံးအချိန်ဖြစ်တဲ့ တိတ်တခိုးငေးကြည့်ခြင်းကိုတောင် ဂျန်းနီမရလိုက်ပါလား။
ဘယ်အရာကများ ဂျန်းနီရဲ့စိတ်ရင်းကို တားဆီးပိတ်ပင်နေသလဲ။ သေချာတာကတော့ ဘယ်နေရာမှာသုံးစားလို့ရမှန်းမသိတဲ့ မာန နဲ့ အကောင်အထည်မဖော်ရသေးသည့် အိပ်မက်တွေကြောင့် ဖြစ်မည်။
ESTÁS LEYENDO
The Way We Met (Blackpink Myanmar Fanfiction)
Fanficအမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ အမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ