-23-

433 75 4
                                    

ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်လွန်းတဲ့ လူ၊ မိသားစုအပေါ် လိုအပ်တာထက်တာဝန်ကျေပွန်ခဲ့တဲ့ မိန်းမ၊ ကိုယ့်သမီးကို မျက်နှာတစ်ချက်အညှိုးမခံတဲ့ မိခင်
လူအများရှေ့မှာ အကုန်ပြီးပြည့်စုံနေခဲ့တဲ့ ဒီမိန်းမ က မိသားစုရှိနေရက်နဲ့ နောက်ယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့ပါသတဲ့။

အဲ့ဒီမိန်းမဟာ ဂျီဆူးရဲ့ ချစ်လှစွာသော အမေ ဖြစ်နေပါသတဲ့လေ။

လောကကြီးထဲမှာ အမေ ပျောက်ကွယ်သွားပြီး အချိန်အတော်ကြာမှ သိခွင့်ရခဲ့တဲ့ အရာမို့ ဂျီဆူး အနေနဲ့ အမေ့ကို ဘယ်စိတ်နဲ့ နာကျည်းရမယ်မှန်းမသိတော့။

အဖေလည်း ဒီအကြောင်းအရာတွေကို သိနေခဲ့မှာပဲ။

ယောကျ်ားကြီးတန်မဲ့ မိန်းမဖြစ်သူရဲ့ ဈာပနာမှာ သတိမေ့လဲရလောက်တဲ့ထိ ရင်ကွဲနာကျခဲ့ရတဲ့အဖေ။

အဖေဟာ အမေ မဆုံးခင်ထဲက ဒီအကြောင်းအရာတွေကို သိနေခဲ့တာလား ။
သိနေရက်နဲ့တောင် အမေ့အပေါ် မေတ္တာမပျက် ချစ်နေခဲ့သူလား။

အဖေ မိန်းမတကာနဲ့ ပတ်အိပ်နေရတဲ့ အကြောင်းအရာရဲ့ တရားခံက အမေ ဖြစ်နေခဲ့တာလား ။

ဂျီဆူးရဲ့ လား ပေါင်းများစွာသော အတွေးတွေကြောင့် စိတ်တွေ ပိုညစ်ညူးရသည်။

လူအများ အားကျရလောက်တဲ့ မိသားစုကြီးက အတွင်းပိုင်းမှာ ဘာလို့ စက်ဆုပ်ရွံရှာဖို့ကောင်းလောက်အောင်ထိ ပုတ်သိုးနေရတာလဲ။

မိန်းမဖြစ်သူ ဆုံးပြီးထဲက ရှိသမျှ မိန်းမတွေနဲ့ ပတ်အိပ်ခဲ့တဲ့ ဂျီဆူးအဖေ နဲ့ မဆုံးခင်အချိန်ထိ တစ်ချိန်လုံး ဖောက်ပြန်နေခဲ့တဲ့ ဂျီဆူးရဲ့ အမေ။

ဖောက်ပြန်မှုတွေ သစ္စာမရှိမှုတွေ နဲ့ ဂျီဆူးရဲ့ မိဘတွေ ဘယ်လိုများ ပျော်ပျော်ကြီး အသက်ရှင်နေထိုင်ခဲ့ကြသလဲ။

ဒီအကြောင်းအရာကို သူစိမ်းတစ်ယောက်ယောက်သာ သိသွားခဲ့ရင် ဂျီဆူးအနေနဲ့ ရှက်လွန်း၍ သတ်သေမိမလား မသိ။

ဒီမိသားစုမှာ မွေးဖွားလာခဲ့ရတာကိုပဲ ကိုယ့်ကိုယ်ကို ရွံမုန်းနေမိပြီ။

တစ်ခါတလေမှ အိမ်ပြန်လာတတ်တဲ့ အဖေက ဘယ်ကမှန်းမသိတဲ့ မိန်းမတွေကို တစ်ယောက်ပြီး တစ်ယောက် အိမ်ခေါ်လာတတ်စမြဲ။

The Way We Met (Blackpink Myanmar Fanfiction)Where stories live. Discover now