-17-

571 82 10
                                    

The Way We Met (17)

"ဆိုတော့ နင်က ဒီမှာအလုပ်လုပ်မယ်ပေါ့ "

ဂျီဆူးရှင်းပြတဲ့အကြောင်းအရာတွေကို နားထောင်ပြီးသည့်နောက် လီဆာနှုတ်မှ ထွက်လာသည့် စကား

"အင်း "

"အိပ်ချိန်ကရော? "
တစ်ညလုံးအလုပ်လုပ် မနက်ကြရင်လည်း ကျောင်းသွား အဲ့ပုံစံနဲ့ဆို နင် ပစ်လဲသွားလိမ့်မယ် "

လီဆာက ဂျီဆူးရဲ့ တစ်ဇွတ်ထိုးဆန်တဲ့ တောင်းဆိုမှုတွေကို လက်ခံရကောင်းမလားဆိုသည့် အကြည့်နှင့် ဂျန်းနီကို ကြည့်နေလေသည်

လီဆာပြောမှ စဥ်းစားမိတဲ့ ကိစ္စမဟုတ်သည့်အတွက်
ဂျန်းနီအနေနဲ့ကတော့ ဘာမှမထူးဆန်း
ဂျီဆူး တစ်ညလုံးအလုပ်လုပ်ပေးမယ်ပြောထဲက
ဂျန်းနီဒါတွေကို တွေးထားနှင့်ပြီးသား

အံကိုကြိတ်ပြီး ဆေးလိပ်ကို အဆုံးထိ တစ်ရှိုက်မက်မက် ရှိုက်သွင်းနေတဲ့ ဂျီဆူးအမူအရာ ကြောင့်သာ မဟုတ်ရင် သူ့တောင်းဆိုမှုကို ဂျန်းနီ လိုက်လျော ပေးခဲ့
မည်မဟုတ်

အရာရာကို ပြတ်သားနေတဲ့အချိန်မှာ ဂျန်းနီ နားချနေလည်း လေကုန်တာပဲ အဖတ်တင်မည်ကို ကောင်းကောင်းသိထားသည်

ထို့ကြောင့်လည်း ဂျန်းနီ မပီသစွာ ဂျီဆူးကို အလုပ်ပေးဖို့ လက်ခံလိုက်ခြင်းပင်

စာလုပ်တိုင်း ဂျန်းနီဘေးမှာ မထိုင်တတ်တဲ့ ဂျီဆူးကို တစ်လှည့် မျက်နှာသေနဲ့ စာလုပ်နေတဲ့ ဂျန်းနီကိုတစ်လှည့် ကြည့်ကာ အလယ်တွင်ထိုင်နေသည့် လီဆာတစ်ယောက် သက်ပြင်းတွေကိုသာချနေသည်

"ငါ အဆင်ပြေပါတယ် စိတ်ပူမနေနဲ့
နင်စိတ်ပူရမှာ ငါ့ကိုမဟုတ်ဘူး
အဲ့ဒါတွေလိုက်စိတ်ပူပေးနေလို့ စာမေးပွဲအောင်မသွားဘူးနော်
နှစ်ကုန်စာမေးပွဲဖြေဖို့ တစ်လကျော်ကျော်ပဲ ကျန်တော့တာ လီဆာ "

"အေးဘာ! သိပါပြီ
တကယ်ပဲ "

"သိရင်လည်းစာလုပ်လေ
လပတ်စာမေးပွဲကျလို့ ကုစားပြန်ဖြေတဲ့အထဲ နင်အမှတ်အနည်းဆုံးလို့ ငါကြားထားတယ်
အန်တီက ဒီတစ်ခါထပ်ကျရင် ဆိုင်ကယ်သိမ်းရုံတင်မဟုတ်ဘဲ ဘတ်စ်ကားတိုးစီးခိုင်းမယ်လို့ ပြောတယ်"

The Way We Met (Blackpink Myanmar Fanfiction)Where stories live. Discover now