The Way We Met (2)
"အမြဲတမ်းတိုးနေပေမယ့် ဘယ်တော့မှလျော့ကျသွားခြင်းမရှိတဲ့ အရာ...
စဉ်းစားဖို့ ငါးစက္ကန့်အချိန်ပေးမယ် တစ်....""ပိုက်ဆံလား
ပိုက်ဆံက သုံးရင် လျော့သွားတာပဲကို ""နှစ်...."
"ဆံပင်...
ဟုတ်တယ်မလား ဆံပင် ""သုံး...."
မှန်တယ်ထင်ပြီး အားတက်သရော ဖြေလိုက်ပေမယ့် ရေရွတ်နေတဲ့ ငါးစက္ကန့်က လျော့မသွားတာကြောင့် တော်တော်လေးစိတ်အိုက်သွားပုံရသည်
"ဂျန်းနီရား...ခဏလေး..."
"လေး...."
"ကိုယ့်ကို စဉ်းစားချိန်လေး ထပ်ပေးပါဦး
နောက်ထပ် ဆယ်စက္ကန့်လောက်ပဲလေ ""ငါး...ပြည့်သွားပြီ "
"နောက်ထပ် မေးခွန်းတစ်ခုထပ်မေးလို့မရဘူးလား
ကိုယ် ကြိုးစားကြည့်ချင်လို့ပါ "ဂျန်းနီ ဘေးပတ်ပတ်လည်ကို တစ်ချက်ဝှေ့ကြည့်လိုက်ပြီး....
"တစ်နေ့ထဲနဲ့ နှစ်ခါအငြင်းခံချင်လို့လား
လူတွေဝိုင်းကြည့်ခံနေရတဲ့အချိန်မှာ နောက်ထပ်မေးတဲ့မေးခွန်းကို အမှားတွေဖြေပြီး စီနီယာရဲ့ သိက္ခာကို အလွယ်တကူအကျခံနိုင်လား "ဂျန်းနီ ပြောသလိုပင် Cafeteria မှာရှိသမျှကျောင်းသူကျောင်းသားတိုင်းရဲ့မျက်လုံးတွေက သူနှင့် ဂျန်းနီဆီတွင်...
တတိယနှစ်အတန်းတွေထဲမှာ popular အဖြစ်ဆုံး ကျောင်းသားက ခေါင်းခြောက်စရာမေးခွန်းတွေနဲ့ သွယ်ဝိုက်ပြီးငြင်းတတ်တဲ့ ဂျန်းနီကို ရည်းစားစကားလာပြောတာဆိုတော့ သူတို့ စိတ်ဝင်စားသည်မှာလည်း မမှားပေ...
သြော်...လူတွေများ သိက္ခာကျမှာကြ သိပ်ကြောက်တတ်လိုက်တာ
သိက္ခာအကျခံနိုင်လားပဲမေးရသေးတယ်
ခေါင်းကို တဗျင်းဗျင်းကုတ်ပြီး ထွက်သွားတဲ့ တတိယနှစ်က စီနီယာကြောင့် ဂျန်းနီ မဲ့ပြုံးပြုံးမိသည်ဂျန်းနီရဲ့အဖြစ်အပျက်ကို မျက်နှာချင်းဆိုင်စားပွဲနှစ်ဝိုင်းကျော်က ထိုင်ကြည့်နေတဲ့ လီဆာကတော့ သူနဲ့ဘဝတူတွေများပါသေးလားဆိုပြီး ခံသာနေတဲ့ရုပ်နှင့်...
ESTÁS LEYENDO
The Way We Met (Blackpink Myanmar Fanfiction)
Fanficအမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ အမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ