The Way We Met (15)
"ဟေး.. ! ဂျီဆူး မနေ့က ဘာလို့မလာတာလဲ"
အခန်းပေါက်ဝကို ကျောပေးကာ ပြတင်းပေါက်ဘက်ကို ငေးနေဟန်ရှိသည့် ဂျီဆူးပုခုံးကို ပုတ်လိုက်ပြီး သိလိုသည်ကို မေးလိုက်သည်
မိမိဘက်သို့ ဖြေးညင်းစွာလှည့်လာသည့် မျက်နှာတစ်စုံကြောင့် လီဆာ့မျက်လုံးများ ပြူးကျယ်သွားရသည်
ပုံမှန်အထက်တန်းကျောင်းသူတွေလို အလှပြင်ဖို့မပြောနှင့် နှုတ်ခမ်းနီတောင် ရက်မှန်အောင်
မဆိုးတတ်တဲ့ ဂျီဆူးက အခုတော့ ပါးတစ်ခြမ်းလုံးနီရဲအောင်ထိ ကာခြယ်တွေ တင်ထားသည်နှုတ်ခမ်းထောင့်နားတွင် နီနီရဲရဲသွေးစတစ်ချို့ကလည်း
နေရာယူထားပြန်သည်ပါးပေါ် ကာခြယ်တွေဆိုးထားသည်တော့ မဖြစ်တန်ရာ
မဟုတ်မှ သူမ အဖေ နဲ့ ရန်ဖြစ်လာတာများလား"ဂျီဆူး ရေခဲကပ်ထားမလား "
အဆင်မပြေနေတဲ့လူတစ်ယောက်ကို
အဆင်ပြေရဲ့လား မေးခွန်းမျိုး လီဆာ မမေးချင်"ညက အိမ်အကူအဒေါ်ကြီး
ကပ်ပေးထားသေးတယ် ""မနက်စာရော စားပြီးပြီလား "
"ဟင့်အင်း"
ကျောပိုးအိတ်အား ခုံပေါ်တင်ခဲ့ပြီးသည်နှင့် မုန့်ဆိုင်များရှိရာဘက်သို့ လီဆာ ပြေးသွားလိုက်သည်
လူအနည်းငယ်သာရှိတာကြောင့် သိပ်ပြီးမတိုးလိုက်ရ
ဂျီဆူးစားနေကြ ကြက်သားဘာဂါတစ်လုံးနှင့်
နွားနို့တစ်ဘူး ဝယ်ပြီးသည်နှင့် စာသင်ဆောင်ဘက်သို့
လာတုန်းကလို အပြေးအလွှားနှင့်ပင် ပြန်ရသည်ပြေးနေရင်း ကျောပြင်သေးသေး ဝက်ဝံပုံ ကီးချိန်းနှင့် ကျောပိုးအိတ် ပိုင်ရှင်အား ကျော်တက်လိုက်ပြီး သူမဘက် မျက်နှာမူလိုက်ကာ
"မောနင်း ဂျန်းနီ "
ဟု အပြုံးနှင့် နှုတ်ဆက်လိုက်သည်
"ကော်ရစ်ဒါမှာ နောက်ပြန်ပြေးတာ
အန္တရာယ်ရှိတယ်နော် လီဆာ "ဂျန်းနီ၏သတိပေးစကားကို ဘာမှမဖြစ်ကြောင်း
လက်ခါပြလိုက်သည်
YOU ARE READING
The Way We Met (Blackpink Myanmar Fanfiction)