-18-

784 94 22
                                    

The Way We Met (18)

ကျွီ!

ကားရဲ့ ဘရိတ်ဆောင့်အုပ်လိုက်သံနဲ့အတူ
ငိုက်မြည်းနေတဲ့ ဂျီဆူးခေါင်းက ရှေ့က ထိုင်ခုံနောက်မှီသို့ ဝင်တိုက်လုဆဲဆဲ...

ဂျန်းနီရဲ့ လက်ဖဝါးအား ဂျီဆူးနဖူးနှင့် နောက်မှီကြားထဲတွင် အချိန်မှီ ခံလိုက်နိုင်တာကြောင့် တော်ပါသေးရဲ့ ဟု စိတ်ထဲတွေးလိုက်မိသည်

နှစ်ညလောက် အိပ်ရေးပျက်ထားတဲ့ ဂျီဆူးက တုတ်တုတ်မျှတောင် မလှုပ်

စည်းနှောင်ထားခြင်းမရှိတာကြောင့် အောက်သို့ ဝဲကျနေသည့် ဆံပင်တစ်ချို့က သူ့မျက်နှာ တစ်ခုလုံးအား ဖုံးအုပ်ထားလျက်ရှိသည်

"မမ! ဒီစာလေး လက်ခံပေးလို့ရမလား "

စိတ်လှုပ်ရှားနေသည်ဟု ကျိန်းသေပေါက် တွက်ဆလို့ရတဲ့ အသံပြဲပြဲတစ်ခုနှင့်အတူ ရေမွှေးနံ့ခပ်သင်းသင်းရတဲ့ စာတစ်စောင်ဟာလည်း မျက်စိရှေ့သို့ ရောက်လာလေသည်

ဂျန်းနီ စာကို လက်ခံသင့်မခံသင့် တွေဝေနေတုန်း

"ညီမက အထက်တန်းပထမနှစ်ကပါ
သတိထားမိမလား မသိပေမယ့် ညီမက မမနဲ့ အတူတူ စာကြည့်တိုက်ကလပ် အသင်းဝင်ပါ "

သူ့ကိုယ်သူ မိတ်ဆက်လို့အပြီးမှာ ဂျန်းနီသိလိုက်ရတာက စိတ်လှုပ်ရှားလို့ အသံကျယ်နေတာမဟုတ်ဘဲ
ပင်ကိုယ်က လော်စပီကာ ဖြစ်နေခြင်းကိုပင်

"ညီမကို ပြန်လက်ခံ... "

"ရှူး း း"

နှုတ်ခမ်းပေါ်သို့ လက်ညှိုးထိကပ်ကာ တိတ်တိတ်နေရန် အချက်ပြတော့ ထိုကောင်မလေးက သူ့ပါးစပ်သူ လက်နှင့်ပြန်အုပ်လေသည်

"သူ နှစ်ညတောင် အိပ်ရေးပျက်ထားတာ
မင်းအသံက သူ့ကို နှောင့်ယှက်နေသလိုပဲ
သိရဲ့လား အဲ့ဒါကို "

ရှေ့တွင် ငိုက်မြည်းနေသော ကျောင်းသူအား ဂျီဟန်း ပုံဖော်၍မရ
ပုံဖော်မရဆို သူ့ဆံပင်တွေက ဘေးတစ်ခြမ်းလုံးကို ဖုံးအုပ်ထားသည်ကို
မမ ဂျန်းနီရဲ့ လက်က ထိုကျောင်းသူ၏နှဖူးနှင့် အရှေ့က အမှီကို တိုက်မိမည်စိုး၍ ကိုယ်တစ်ခြမ်းစောင်း၍တောင် လက်ခံပေးထားသေးသည်

The Way We Met (Blackpink Myanmar Fanfiction)Onde histórias criam vida. Descubra agora