The Way We Met (10)
"ဘုရား...!!! "
လမ်းလျှောက်နေတုန်း မိမိရှေ့ပြုတ်ကျလာတဲ့
ဘယ်ဆီကလာမှန်းမသိတဲ့ ကျောပိုးအိတ်တစ်လုံးကြောင့် ဂျန်းနီ ရင်ဘတ်ကို လက်နှင့် ဖိကာ
ဘုရားတမိသည်နောက်ထပ် ခြေနှစ်လှမ်းသာစောနေခဲ့ရင်
အဲ့ကျောပိုးအိတ်ကျတဲ့နေရာက မြေပြင်မဟုတ်ဘဲ
ဂျန်းနီခေါင်းပေါ်ဖြစ်နေမှာ အသေအချာပင်ကျောပိုးအိတ်ကို ကောက်လိုက်ပြီး အနီးနားတွင်
ပိုင်ရှင် ရှိမရှိ မျက်လုံးဝှေ့ကြည့်ပြီး ရှာနေစဉ်မနက်ပိုင်းမှာ ကျောင်းကိုယ်စားပြုစားမေးပွဲ
သွားဖြေပြီး ပြန်လာတဲ့ ဂျန်းနီကို ကျောင်းအုပ်ကြီးက ကျောင်းအလာ စာရင်းထဲထည့်သွင်းထားပေးပေမယ့်
အချိန်မှီသလောက် အတန်းပြန်တက်ချင်တဲ့
ဂျန်းနီ၏ခေါင်းမာမှုကြောင့် ကျောင်းဆင်းဖို့ တစ်နာရီကျော်ပဲ လိုတော့တဲ့အချိန်မှာတောင်
ကျောင်းကို ပြန်လာခဲ့သူဖြစ်သည်အခုလိုမျိုး ကျောင်းဆင်းဖို့ တစ်နာရီကျော်မှ
ကျောင်းလာတဲ့သူက ကြည့်ရတာ ဂျန်းနီ
တစ်ယောက်တည်းမဟုတ်ဘူးထင်တယ်ကျောင်းနံရံပေါ်ကနေ ဝုန်းဆို ပြုတ်ကျလာတဲ့ တစ်စုံတစ်ခုကို ကျောပိုးအိတ်ပြုတ်ကျတုန်းကလောက်
ဂျန်းနီ ရင်မခုန်တော့ဂျန်းနီ ရပ်နေမိတဲ့ စာသင်ခန်းဆောင်သွားရာ
ကော်ရစ်ဒါ တစ်လျှောက်က စာသင်ချိန်မို့ လူ တွေ
ရှင်းလင်းနေလေသည်ထို့ကြောင့် အိတ်ပိုင်ရှင်ပေါ်လာမည့် နေရာက
တစ်ဖက်နံရံပေါ် ခိုဖက်တက်ပြီး ဂျန်းနီရှိတဲ့
ဒီဘက်ခြမ်းကို ခုန်ချမှသာ ရမည်ဖြစ်သည်အံ့ဩရသည်က တခြားကျောင်းသားမဟုတ်ဘဲ
စကပ်အောက်မှာ ဆယ့်နှစ်ရာသီ
အားကစားဘောင်းဘီရှည်ကြီး ဝတ်လေ့ရှိသော
ဂျီဆူးဖြစ်နေသည်"ဂျီဆူး...!! "
"ငါ့ အိတ်က မင်းဆီရောက်နေတာပဲ "
သူက ဂျန်းနီကို တွေ့တာ အံ့ဩပုံမပြသည့်အပြင်
လက်ထဲက အိတ်ကို ယူကာ ဖုန်ခါနေလေသည်
YOU ARE READING
The Way We Met (Blackpink Myanmar Fanfiction)
Fanfictionအမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ အမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ