-14-

754 93 16
                                    

The Way We Met (14)

စာလုပ်နေတဲ့တစ်လျှောက်လုံး စိတ်က
အတွေးပေါင်းများစွာနှင့် စာကို အာရုံပင်မစိုက်နိုင်

ညနေတုန်းက အနက်ရောင်ဇိမ်ခံကားပေါ်တက်သွားတဲ့
သူက ဂျီဆူးမှဂျီဆူးအစစ်
ဂျန်းနီ အမှတ်မှားနေခြင်းမဟုတ်...

အဲ့လူတွေနဲ့ ဂျီဆူးက ဘယ်လိုပတ်သက်နေတာလဲ
ပြန်ပေးဆွဲသွားတာများလား
အဲ့လိုတော့ဖြစ်ဟန်မတူပါဘူး
ပြန်ပေးဆွဲသူတွေလက်ထဲ အသာတကြည်
လိုက်သွားရအောင် ဂျီဆူးက ငတုံးမှမဟုတ်ဘဲ

ကျောင်းသွားကျောင်းပြန်ကို ဘတ်စ်နဲ့ပဲ
ဖြတ်သန်းနေတဲ့ ဂျီဆူးက ထိုကားပေါ်တက်သွားသည်မှာ ဂျန်းနီအတွက် စဥ်းစားစရာပင်

"ဂျန်းနီ...!! "

"ဟမ် "

"အအေးသုံးဘူးနဲ့ ပေါင်မုန့်ငါးထုပ် လာဝယ်လို ့ ရောင်းလိုက်တယ်
ပိုက်ဆံကို သစ်သားအံထဲမှာ ထည့်ထားလိုက်တယ်
သိလား "

"ဘယ်တုန်းက လာဝယ်တာလဲ "

"အပြင်ဘက်ကိုငေးပြီး အတွေးတွေများနေတာလေ
ခေါ်တာ ကြားမှမကြားဘဲ
အဲ့ဒါကြောင့် ငါပဲ ထ ရောင်းပေးလိုက်တာ "

".............."

ဂျန်းနီ အဲ့လောက်တောင်
အတွေးတွေများနေခဲ့တာလား
အမြဲတမ်း သတိကပ်နေတဲ့သူက ဘေးကခေါ်သံတောင် မကြားရလောက်တဲ့ထိကိုလေ

"နေမကောင်းဘူးလား "

ခွင့်ပြုချက်မရဘဲ နဖူးပေါ်ရောက်လာတဲ့
လီဆာ့လက်ကြောင့် စိတ်ပူနေဟန်ရှိသည့်
မျက်လုံးလှလှလေးတစ်စုံနှင့် ဂျန်းနီ၏မျက်ဝန်းတို့က
ခဏတာ ဆုံစည်းသွားရသည်

ဂျန်းနီကို ငယ်ငယ်က အဖေဝယ်ပေးခဲ့ဖူးသည့်
အရုပ်မလေးရဲ့ မျက်လုံးလေးတွေအတိုင်း
လှပသေသေပ်လွန်းနေပြီး ကော့စင်းနေသည့် မျက်တောင်တို့နှင့်လည်း ပနံသင့်နေလေသည်

တစ်ခါမှ လီဆာ့မျက်နှာကို စေ့စေ့မကြည့်ဖူးခဲ့တာကြောင့် သူ့မျက်နှာပေါ်က အစိတ်အပိုင်းတွေ ဘယ်လောက်လှကြောင်း ဂျန်းနီမသိခဲ့ရပေ

"ငါ ဘာမှမဖြစ်ပါဘူး "

ပြန်ဖြေသံအဆုံးမှာ နဖူးပေါ်ကလက်ကို
ရုတ်သိမ်းသွားပြီး

The Way We Met (Blackpink Myanmar Fanfiction)Dove le storie prendono vita. Scoprilo ora