The Way We Met (9)
ဂျန်းနီ သန့်စင်ခန်းလာတဲ့ လမ်းတစ်လျှောက်လုံး
မြင်ရသမျှလူတွေက ဂျန်းနီကို ကွက်ကြည့်ကွက်ကြည့်နှင့် ...တစ်ခုခုကို သိချင်မေးချင်နေကြတဲ့ ပုံစံဆိုပေမယ့်
မျက်နှားထားတင်းလွန်းတဲ့ ဂျန်းနီကြောင့်
မြိုသိပ်နေရသည့်ပုံပင်သန့်စင်ခန်းထဲ ရောက်သည်နှင့် အင်္ကျီလက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်တင်လိုက်ပြီး
လက်ခုပ်ထဲ ရေထည့်ကာ ခေါင်းငုံ့လိုက်ပြီး
မျက်နှာနှင့် ထိတွေ့စေလိုက်သည်"အဟွတ်...!! "
ကျစ် ...!!
လာပြန်ပြီ ဒီအနံ့ဆိုးတွေဆေးလိပ်ပိုင်ရှင်ရဲ့ တည်နေရာကို အလိုလိုသိနှင့်ပြီးသားမို့ ဂျန်းနီရဲ့ အကြည့်တွေက နံရံဘက်ကို လွှဲလိုက်တော့ ထင်တဲ့အတိုင်း ဂင်ဂျီဆူးပါပဲ
အရင်တစ်ခေါက်တွေ့တုန်းကထက်
ပိုထူးခြားသွားတာက သူက ဂျန်းနီ မသိတဲ့လူတစ်ယောက်မဟုတ်တော့ဘဲ စာအတူတူလုပ်နေတဲ့ ဆက်ဆံရေးလို့ပဲ ပြောရမလား
ဂျန်းနီ ရဲ့ အိပ်မက်အတွက် ကျောင်းအုပ်ကြီးနဲ့ ညှိနှိုင်း ထားတဲ့ကိစ္စကြောင့် မတတ်သာလို့ စကားပြောနေရတဲ့ ဆက်ဆံရေးလို့ပဲ သုံးရမလားတိကျတဲ့ခေါင်းစဉ် တပ်မရပေမယ့် အခု ဂျီဆူးဆိုတဲ့သူက ဂျန်းနီနဲ့ သိတဲ့သူ ဖြစ်နေပြီလေ
အဲ့တော့ ကျောင်းမှာ ဆေးလိပ်သောက်တာကို
တားကိုတာရမယ် ...!!!"ဂျီဆူး... !! "
ဂျန်းနီ သူ့အနားလျှောက်သွားလိုက်ပြီး
လှမ်းခေါ်လိုက်တော့ မှိတ်ထားတဲ့ မျက်ဝန်းတွေက
ဖြေးညှင်းစွာပွင့်လာလေသည်"ဆေးလိပ်သောက်စရာနေရာ အဲ့လောက်ရှားလား "
"ရှားတာပေါ့ဟ... !!
လူမြင်ကွင်းမှာ သွားသောက်ရင်
စည်းကမ်းထိန်းသိမ်းရေးဆီ ရောက်သွားမှာလေ ""အဲ့ဒါလေးသိသေးလို့ တော်သေးတာပေါ့ "
"ဘာလဲ သောက်ချင်လို့လား
ငါ့မှာ အရမ်းမပြင်းတဲ့ဟာပါတယ်
ခဏလေး "အိတ်ကပ်တွေထဲမှာ အသည်းအသန်ရှာနေသည့်
ဂျီဆူးက ဂျန်းနီရဲ့ မျက်နှာ ဘယ်လိုပုံစံဖြစ်နေလဲဆိုတာ လုံးလုံး သတိမထားမိ
ESTÁS LEYENDO
The Way We Met (Blackpink Myanmar Fanfiction)
Fanficအမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ အမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ