The Way We Met (16)
ကျောင်းဆင်းသည်နှင့် လမ်းထိပ်ရှိ စတိုးဆိုင်သို့ ဂျီဆူးနှင့်အတူ ဝင်လာခဲ့လိုက်သည်
"ဂျန်းနီ သမီးပြန်လာပြီလား "
ခြင်းတောင်းထဲရှိ ရေသန့်ဘူးနှင့် အချိုရည်ဘူးများအား ရေခဲသေတ္တာထဲသို့ အစီအရီထည့်နေသော ဦးလေးကြီးက ဂျန်းနီအား နှုတ်ဆက်စကားပြောပြီးသည်နှင့် ဂျီဆူးထံ အကြည့်လွှဲလာသည်
ဂျန်းနီအဖေဟုထင်ရသော ဦးလေးကြီးက ဂျီဆူးအား မမှိတ်မသုန်စိုက်ကြည့်လျက်ရှိသည်
ကာကီရောင်ဂျာကင်နှင့် ဘောင်းဘီအရှည်အပွကို တွဲဖက်ဝတ်ဆင်ထားပြီး အနည်းငယ်ရှုပ်ပွ ေနသည့်ဆံပင်တို့နှင့်တောင် ကြည့်ကောင်းလှသည်"ရက်အနည်းငယ်လောက် သူ ဒီမှာ
အလုပ်လုပ်လိမ့်မယ်
ပိုက်ဆံပေးစရာမလိုတာမို့လို့ စိတ်ပူစရာမလိုဘူး"ဂျန်းနီက အခုမှလောလောလတ်လတ်ထည့်ထားသည့် အချိုရည်ဘူးကိုယူကာ တစ်ငုံယူသောက်ရင်း ပြောလာသည်
"တွေ့ရတာဝမ်းသာပါတယ် ဦးလေး
ကျွန်မ အလုပ်ကိုကြိုးကြိုးစားစားလုပ်ပါ့မယ်"ခါးညွတ်ပြီးပြောတော့ ဂျန်းနီအဖေက အသိမှတ်ပြုဟန် ခေါင်းညိတ်ပြသည်
"ဂျန်းနီ သူငယ်ချင်းထင်တယ် "
"ရှင်?"
"ဂျန်းနီမှာ သူငယ်ချင်းမရှိလို့
တစ်ချိန်လုံးစိတ်ပူနေခဲ့ရတာ
သမီးကိုမြင်မှပဲ ဦးလေး စိတ်သက်သာရာရတော့တယ်""အဖေ သူက သမီး...."
"စိတ်မရှိနဲ့နော်
ဦလေးတစ်ခုလောက်မေးပါရစေ "ပုံမှန်ဆို စကားနည်းလွန်းတဲ့အဖေက ဂျီဆူးကို
ဖော်ဖော်ရွေရွေစကားပြောနေသည့်အပြင် သူသိလိုသည်ကို မေးဖို့အတွက်ပါ စကားခံနေလေသည်ဂျန်းနီကိုဆို ကျောင်းမှာအဆင်ပြေလားကလွဲ၍ ပိုမမေးတတ်တဲ့ ဖခင်ဖြစ်သူက ဂျီဆူးကို ဘာမေးခွန်းတွေ မေးမလို့ပါလိမ့်
"ဟုတ်ကဲ့ ရပါတယ် ဦးလေး မေးပါ"
ဂျန်းနီစိတ်ဝင်တစားနှင့်နားစွင့်နေရင်း
ဂျီဆူးဆီကခွင့်ပြုချက်ရပြီးတာတောင် မေးဖို့တုံ့ဆိုင်းနေသည့် အဖေ့အား ထူးဆန်းသဖွယ်ကြည့်နေမိသည်
KAMU SEDANG MEMBACA
The Way We Met (Blackpink Myanmar Fanfiction)
Fiksi Penggemarအမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ အမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ