-11-

636 105 6
                                    

The Way We Met (11)

ခေါက်ဆွဲဘူးထဲက ပူပူနွေးနွေးခေါက်ဆွဲမျှင်တွေကို
အေးသွားတယ်ဆိုရုံမျှ မှုတ်လိုက်ပြီး
တစ်လုပ်စာဖြတ်ကာ ပါးစပ်ထဲအပြည့်
ထိုးသွင်းလိုက်သည်

"အား...ပူ... ပူလိုက်တာ "

အငွေ့တထောင်းထောင်းထနေတဲ့ ခေါက်ဆွဲကို
နှစ်ခါလောက်ပဲမှုတ်ပြီး စားတော့ ပူလည်းပူရော ဝူးဝူးဝါးဝါးနဲ့ ဂျန်းနီဘေးက ရေဘူးကို အမူအယာနှင့်
လှမ်းတောင်းလေသည်

ရေဘူးအဖုံးဖွင့်ပြီးပေးလိုက်တော့ ဘူးထဲရှိရေတစ်ဝက်လောက်နှင့် ပါးစပ်ထဲ ရောက်နှင့်ပြီးသား
ခေါက်ဆွဲတွေကို မျှောချနေသည့်ပုံပင်

"နောက်တစ်ခါဆို ရေအေးနဲ့ပဲ စားတော့မယ်"

ဂျန်းနီ လိုက်မမှီနိုင်တဲ့ အတွေးတွေက
ဂျီဆူးခေါင်းထဲမှာ အပြည့်ပဲ

ရာမြောင် (ခေါက်ဆွဲ) ကို ရေအေးနဲ့စားဖို့
စိတ်ကူးနေတဲ့ ဂျီဆူးပဲကျပ်မပြည့်တာလား
ဒါမှမဟုတ် ရာမြောင်ကို ရေအေးနဲ့စားလို့ရတယ်ဆိုတာ မသိတဲ့ ဂျန်းနီပဲ ငတုံးမဖြစ်နေတာများလား

"ရာမြောင်နဲ့ စားဖို့ ကြက်အူချောင်းထုပ်လေး
အလကားပေးလို့ရမလား "

"မနက်ဖြန် ကျောင်းရောက်ရင် ရာမြောင်ဖိုးရော
ကြက်အူချောင်းဖိုးပါ ပြန်ပေးရမယ် "

ပြောပြီးသည်နှင့် အသင့်စားကြက်အူချောင်းတစ်ထုပ်ကိုယူကာ ဂျီဆူးဆီပေးလိုက်သည်

အိမ်ကမုန့်ဖိုးလို့သတ်မှတ်ပြီးပေးတဲ့ ပိုက်ဆံနဲ့ဆို
အရုပ်ကောင်းကောင်းလေးဝယ်ပေးလို့ရပေမယ့်
စိတ်ရင်းနဲ့တောင်းပန်ချင်တာကြောင့် ဂျီဆူး
ကိုယ်တိုင် အားစိုက်ထုတ်လိုက်ခြင်းဖြစ်သည်

ရှိသမျှပိုက်ဆံတွေကိုအရုပ် ကောက်စက်မှာ ဖြုန်းခဲ့တဲ့ ဂျီဆူးဘဝက အခုချိန်မှာ သူတောင်းစားသာသာပါပဲ

အိမ်ကဟိုလူကြီးပေးထားတဲ့ ကဒ်ရှိပေမယ့်
မသုံးချင်တာကြောင့် ဂျန်းနီထံတွင်သာ
အကြွေးတင်ခံလိုက်သည်

"အကြွေးတင်လက်စနဲ့ နောက်ထပ်ခေါက်ဆွဲ
တစ်ဘူးလောက် ရဦးမလား"

The Way We Met (Blackpink Myanmar Fanfiction)Where stories live. Discover now