-20-

615 81 11
                                    

The Way We Met (20)

လူတစ်ယောက်သာ ကောင်းမွန်စွာလဲလျောင်းနိုင်သည့် အိပ်ရာထက်၌ ဂျီဆူး ပုံစံအမျိုးမျိုးနှင့် ကြိုးစားအိပ်ကြည့်သော်ငြား ဘယ်လိုမှအိပ်မပျော်တာကြောင့် ကျောပိုးအိတ်ထဲမှ တွေ့ရာစာအုပ်ဆွဲကာ ဂျန်းနီဘေးရှိ ကုတင်ခေါင်းရင်းက နေရာလွတ်တွင် ဝင်ထိုင်လိုက်သည်။

"အိပ်မပျော်ပြန်ဘူးလား"

ဂျန်းနီက သူ့အားတစ်ချက်ကြည့်ပြီး လုပ်လက်စ စာတွေကိုသာ ဆက်လုပ်နေလေသည်။

"အင်းဟုတ်တယ်"

ဂျီဆူး ဒီနေ့မှလောလောလတ်လတ်သင်ထားသည့် စာမျက်နှာကိုလှန်ကာ ဖတ်နေလိုက်သည်။

အချိန်ကား ဆယ်တစ်နာရီဝန်းကျင်ခန့် ဖြစ်နေသည်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်လျက်ရှိသည်။

ဖွင့်ထားသည့်ပြတင်းပေါက်မှ တိုးဝှေ့လာသော လေပွေ့နှင့်အတူ သစ်ရွက်လှုပ်သံ ကို အတိုင်းသားကြားနေရသည်။
အဆိုးဆုံးကတော့ တစ်ပေတောင်မကွာတဲ့ အကွာအဝေးမှာရှိနေတဲ့ ဂျီဆူးရဲ့ အသက်ရှူသံတွေ။

ညနေထဲက လူက ဘာဖြစ်လို့ဖြစ်နေမှန်းမသိ။
ဘယ်သူ့ကိစ္စကိုမှ အရေးတယူလိုက်မမေးဖူးခဲ့ပေမယ့် ဂျီဆူးကိုတော့ သူမ စိတ်ပူသည်။
ဒါ့ကြောင့်လည်း ပေပေတေတေနေရတဲ့အကြောင်းအရင်းကို မေးခဲ့တာ။
ဂျန်းနီအတွက် သူစိမ်းတစ်ယောက်ရဲ့ နောက်ကြောင်းကို ပထမဆုံးမေးဖူးတာဆိုပေမယ့် သူကတော့ နောက်မှပြောပြမယ်ဆိုတဲ့ ဆင်ခြေနဲ့ ဂျန်းနီရဲ့မေးခွန်းကိုဖြေဖို့ ငြင်းဆန်လိုက်သည်တဲ့လေ။
အောင့်သက်သက်ဖြစ်သွားသည့်ခံစားချက်ပင်။

စာအုပ်ကြီးရှေ့ချပြီး ကြည့်နေပေမယ့် စိတ်ထဲမှာတော့ အလိုမကျမှုတွေကအတိုင်းသား။
ဒီစာမျက်နှာတစ်ခုထဲကိုပဲ စိုက်ကြည့်နေခဲ့တာ ကြာရောပေါ့။

"ဂျန်းနီ..."

"ဟင် ဘာလဲ"

ဂျီဆူး လက်ထဲက စာအုပ်အားပိတ်လိုက်ပြီး...

"မင်းမေးတဲ့ မေးခွန်းကိုဖြေနိုင်တဲ့သူဘယ်သူမဆို မင်းရဲ့ ရည်းစားဖြစ်ပိုင်ခွင့်ရှိတာလား"

The Way We Met (Blackpink Myanmar Fanfiction)Tahanan ng mga kuwento. Tumuklas ngayon