The Way We Met (7)
ဘုတ်... !!
"အ...!! "
အမြင့်ကနေ ပြုတ်ကျလာသည့် စာအုပ်က မထူသော်ငြား အရှိန်ပါနေသည့်အတွက် မျက်နှာတစ်ခုလုံးတွင် ပိုထွက်နေသည့် ဂျီဆူး ရဲ့ နှာခေါင်းရိုးအား ရိုက်မိတော့သည်
အိပ်နေတဲ့အချိန်မှာ နှောင့်ယှက်ခံရတာလောက် ဒေါသထွက်တာမရှိပေ...
ကျန်တဲ့အချိန်တွေဆို ဂျီဆူးကို အသားနာအောင် လုပ်တဲ့သူကိုတောင် သည်းခံပေးနိုင်သည်
ကိုယ်နေထိုင်ချင်တဲ့အတိုင်းဖန်တီးလို့ရတဲ့ စိတ်ကူးကမ္ဘာထဲမှာ သာယာနေတတ်တဲ့ အကျင့်ကြောင့်လို့ပဲ ပြောရမလားဂျီဆူး စာအုပ်ကို ဆွဲဖယ်လိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ နေရဲ့အလင်းရှိန်ကြောင့် ဂျီဆူးမှာ ထိုလူ့မျက်နှာကို ကောင်းကောင်းမမြင်ရတာကြောင့် ကျန်လက်တစ်ဖက်နှင့် ကာကာ အာရုံစိုက်ပြီး ကြည့်လိုက်တော့ ဂျန်းနီဖြစ်နေသည်
သူမက မတ်တပ်ရပ်လျက်သား အနေအထားနှင့် ဂျီဆူးကို ငုံ့ကြည့်နေသည်
စာလုပ်ဖို့အကြောင်းအရာကလွဲပြီး ကျန်တာပြောမှာ မဟုတ်တဲ့ ဂျန်းနီအကြောင်းကို သိနေတာကြောင့် ဂျီဆူး မျက်လုံးတွေအား ပြန်မှိတ်လိုက်သည်
ဘုတ်...!
ထပ်ပြီးကျလာတဲ့ စာအုပ်တစ်အုပ်
ဒီတစ်ခါတော့ ခုနက စာအုပ်ထက် နဲနဲပိုထူတယ်
နဲနဲလည်း ပိုနာတယ်စာအုပ်ကို ဆွဲဖယ်ကာ မျက်လုံးတစ်ချက်မဖွင့်ဘဲ ဂျန်းနီကို လျစ်လျူရှုထားလိုက်သည်
ဘုတ်... !
ဘုတ်... !
ဘုတ်... !အဆက်မပြတ်ကျလာတဲ့စာအုပ်တွေကြောင့် ဂျီဆူး စိတ်အချဉ်ပေါက်လာကာ ထထိုင်လိုက်ပြီး
"ရား...!! "
သူမ က ဘာလဲဆိုသည့် မျက်နှာထားနှင့် လက်ပိုက်ကာ ကြည့်နေလေသည်
"ဘယ်လောက်နာလဲ သိလား...? "
"ဘယ်သိမှာလဲ
ငါက နင့်လို လှဲအိပ်နေတဲ့သူမှမဟုတ်တာ...!! "ဂျီဆူးရဲ့ ဒေါသတွေက နားထင်ကို ဆောင့်တက်ချင်နေပြီ
"မင်းကြိုက်နေတဲ့သူကို အနည်းဆုံးတော့ ဒီလိုမျိုး မဆက်ဆံသင့်ဘူးလေ "
YOU ARE READING
The Way We Met (Blackpink Myanmar Fanfiction)
Fanfictionအမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ အမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ