ပလတ်စတစ်အပတ်ကိုခွာလိုက်ပြီး သုံးမြှောင့်ရေညှိထမင်း ကို တစ်ကိုက် ကိုက်ချလိုက်သည်။
"ဗိုက်ဆာနေတာလား "
ဂျန်းနီ သူ့အမေးကို ပြန်မဖြေ။
ပြန်မဖြေသည့်တိုင် သူဘယ်လောက်ထိ ဗိုက်ဆာနေလဲဆိုတာ ဂျီဆူးတပ်အပ်သိသည်။
စတိုးဆိုင်တစ်ခုရဲ့ ထောင့်နားက စားပွဲလေးမှာ ရေညှိထမင်းလိပ်ကို အားပါးတရစားနေမိတဲ့ သူတို့နှစ်ဦး။
နေ့လယ်နှစ်နာရီ ဆိုပေမယ့် ဆောင်းတွင်းကာလမို့ အအေးဓာတ်က လျော့မသွား။
"ရယ်တော့ရယ်ချင်စရာပဲ"
တိတ်ဆိတ်နေတဲ့ စတိုးဆိုင်လေးထဲ ပေါ်ထွက်လာတဲ့ ဂျန်းနီရဲ့ ခပ်ဟဟရယ်သံ။
"စတိုးဆိုင်ပိုင်ရှင်ရဲ့ သမီးက တခြားစတိုးဆိုင်တစ်ခုမှာ ထိုင်နေမိတာလေ "
"ရယ်စရာကောင်းလို့လား "
"အဖေ ဆိုင်ကို ပိုက်ဆံတွေချေးပြီး ဝယ်လိုက်ပြီးထဲက ငါ့ရဲ့ပိုက်ဆံတွေကို တခြား ဘယ်စတိုးဆိုင်အပေါ်ကိုမှ အသုံးမချဖြစ်တော့တာ ။
ဒီလိုနေရာမျိုးမှာ ငါသုံးတဲ့ပိုက်ဆံက နည်းကောင်းနည်းနိုင်ပေမယ့် အဖေ့ဆိုင်ကို တစ်ကျပ်လောက်ဖြစ်ဖြစ် ပိုရောက်သွားပြီး သူ့အကြွေးတွေကို မြန်မြန်ဆပ်နိုင်ဖို့အတွက်လေအဖေက အရင်က အရမ်းဆိုးခဲ့တာလေ
အမြဲတမ်း အရက်တွေပဲ သောက်နေခဲ့ပြီး ငါ့ကို ထိန်းကျောင်းခဲ့တာ ""အမေကရော... "
ဂျီးဆူးနှုတ်ကနေ လွှတ်ခနဲ ထွက်သွားတာကြောင့် ဝမ်းနည်းရိပ်သန်းနေတဲ့ မျက်ဝန်းတွေနဲ့ လှည့်ကြည့်လာတဲ့ ဂျန်းနီနှင့် အကြည့်ချင်းဆုံသွားတော့သည်။
"အမေ...ငါ့အမေလား "
"အင်း...ဟုတ်...ဟုတ်တယ် နင့်အမေကရော "
"ဆုံးသွားပြီ
ငါ ငါးနှစ်လောက်ထဲက
အရမ်းငယ်သေးတဲ့အချိန်မို့လို့ထင်တယ်
အမေ့ပုံရိပ်က ငါ့အတွေးတွေထဲမှာ ဝိုးတဝိုးပဲ။အမေက ဘယ်လိုပုံစံလဲဆိုတာ ပြန်အမှတ်ရချင်ရင် သူ့ဓာတ်ပုံကို ထုတ်ကြည့်ဖြစ်တယ် "
ESTÁS LEYENDO
The Way We Met (Blackpink Myanmar Fanfiction)
Fanficအမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ အမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ