The Way We Met (5)
"ဂျန်းနီ! !
ကျောင်းအုပ်ကြီးက နေ့လယ်ကြရင် သူ့ရုံးခန်း ခဏလာခဲ့ပါတဲ့ "ဓာတ်ခွဲခန်းပစ္စည်းတွေကို လက်နှစ်ဖက်အပြည့်နဲ့ မနိုင်မနင်းသယ်ထားရတဲ့ အတန်းခန်းဆောင်ဆီမှ အသံကြောင့် တစ်ခန်းလုံးရဲ့ အကြည့်က ဂျန်းနီဆီ စုပုံရောက်လာတော့သည်
နေ့လယ်ခင်း အားလပ်ချိန်:
ဒေါက် ဒေါက်...
"ဂျန်းနီလား ဝင်ခဲ့လေ သမီး "
ခွင့်ပြုချက်ရသည်နှင့် ဂျန်းနီ ရုံးခန်းထဲဝင်သွားလိုက်သည်
ကျောင်းအုပ်ကြီးနဲ့ မျက်နှာချင်းဆိုင်ထိုင်လျက်ရှိပြီး တံခါးကို ကျောပေးထားသည့် ဂျန်းနီနဲ့ ပုံစံတူ အဝတ်အစားဝတ်ထားသည့် ကျောင်းသူကြောင့် ဂျန်းနီတစ်ယောက်ထဲမဟုတ်ဘဲ တခြားကျောင်းသူတစ်ယောက်ပါ ရုံးခန်းထဲ အခေါ်ခံထားရမှန်း သိလိုက်သည်
"ဂျန်းနီ လာ ထိုင်လေ "
ဂျန်းနီ ထိုကျောင်းသူဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်ကာ ကျောင်းအုပ်ကြီးပြောမည့်စကားကို စောင့်စားနေလိုက်သည်
"ဒါက တိုက်ဆိုင်မှုဆိုတာ ငါမယုံပေးနိုင်ဘူး
အကြောင်းပြချက်ပေးမယ်ဆိုရင်တော့ လက်ခံသင့်ရင် လက်ခံပေးမယ် ""..........."
ဂျန်းနီကိုမဟုတ်ဘဲ ဂျန်းနီဘေးမှာထိုင်နေတဲ့ ကျောင်းသူကို မျက်နှာထားတင်းတင်းနဲ့ ပြောနေတဲ့ ကျောင်းအုပ်ကြီး စကားတွေက တစ်ခုခုကို သိချင်နေသည့်ပုံရသည်
သို့သော် ထို ကျောင်းသူနှုတ်ကနေတော့ တစ်ခွန်းမှ ထွက်မလာချေ....
ကိုယ်နဲ့မသက်ဆိုင်တဲ့အကြောင်းအရာတွေဖြစ်နေတော့ ဂျန်းနီ မသိချင်ယောင်ဆောင်ကာ ကျောင်းအုပ်ကြီး ထိုင်နေသည့် နောက်ဘက်တွင် ချိတ်ထားသည့် ပန်းချီကားကိုသာ အကြည့်လွှဲထားသည်
"ဘာလို့လဲ ဂျီဆူး...
ဘာလို့လဲ..."တစ်နေရာရာမှာ သေချာပေါက်ကြားဖူးနေတဲ့ နာမည်ကြောင့် ဂျန်းနီ ဘေးက တစ်ယောက်ကို လှည့်ကြည့်လိုက်သည်
YOU ARE READING
The Way We Met (Blackpink Myanmar Fanfiction)
Fanfictionအမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ အမှန်တော့ အငြင်းခံလိုက်ရတဲ့သူတိုင်းကို အနည်းနဲ့အများ ဂျန်းနီကို ရှိန်သွားစေချင်တာ