Unicode
မှောင်ခိုအလုပ်သမား
အင်ပါယာကမ္ဘာ၏ နည်းပညာတိုးတက်မှုသည်ကား စစ်ဌာနချုပ်တွင်သာမက ပုံမှန်လူနေမှုဘဝတွင်လည်း အကျိုးသက်ရောက်လေသည်။ များစွာသော လျှပ်စစ်စက်ပစ္စည်းများနှင့် မှတ်ဉာဏ်မြင့်သော စက်ရုပ်များက လူသားတစ်ယောက်၏ နေ့စဉ်ဘဝကို ကူညီပေးနိုင်သည်ဖြစ်ရာ လူသားများသည် အခက်အခဲမရှိဘဲ သက်သောင့်သက်သာ နေနိုင်ကြပေ၏။ သို့သည့်တိုင် လူကုန်ထံဒေသများတွင်မူ လူသားအလုပ်သမားများက ပို၍နာမည်ကြီးလေ၏။
လူသားတစ်ယောက်သည် ရိုးရှင်းပြီးအာဟာရမျှတသော ဖြည့်စွက်စာကို စားရုံမျှဖြင့် တစ်နေ့တာလုံး ရှင်သန်နိုင်ရန် ကောင်းစွာလုံလောက်သည် ဆိုလျှင်တောင် လူကုန်ထံ သူဌေးများကမူ ၎င်းဖြည့်စွက်စာကို မစားဘဲ အခြားပို၍အရသာရှိသော အစားအစာမျိုးစုံကို စူးစမ်းစားလိုစိတ် ရှိတတ်ကြသလိုမျိုးပါပင်။ လူချမ်းသာများသည် ပုံမှန်လူအများသုံးသော ခံစားချက်မရှိသည့် စက်ရုပ်မျိုးကို တန်းတူမသုံးချင်ကြခြင်း ဖြစ်ပေလိမ့်မည်။ အများသုံး ဖြစ်နေခဲ့သည့်အတွက်ကြောင့် ၎င်းက သူတို့၏ အာဏာဂုဏ်များကို မီးမောင်းထိုးပြနိုင်မည်လည်း မဟုတ်ပါပေ။ ထို့ကြောင့် လူချမ်းသာများသည် သူတို့၏ အိမ်မှုကိစ္စအဝဝကို ခိုင်းစေရန်အတွက် သက်ရှိလူသား အလုပ်သမားများကိုသာ ငှါးလာကြ၏။ ဤအင်ပါယာကမ္ဘာတွင် အလုပ်သမားတစ်ယောက်၏ အဖိုးအခက ပမာဏများလေသည်။ ထို့ကြောင့် အလုပ်သမားများများပိုင်ဆိုင်လေ မိမိ၏စည်းစိမ်ဥစ္စာက မည်မျှပမာဏအထိ ကြွယ်ဝကြောင်း အလိုလိုကြွားဆိုပြီးသား ဖြစ်ရပေသည်။
ယခင်က ချန်းကျင်းတွင် ကိုယ်ပိုင်အလုပ်သမား ငါးယောက်ရှိခဲ့ဖူးပေ၏။
ဖက်ရှင်ဆိုင်များသည်ကား ဖွင့်ဖွင့်ချင်း လူကုန်ထံတို့၏ စိတ်ဝင်စားမှုကို ခံကြရသည်ပင်။ ၎င်းဆိုင်တိုင်းလိုလိုသည် ဖက်ရှင်ပစ္စည်းများကို ဆိုင်ရှေ့မျက်နှာစာတွင် ခင်းကျင်းထားလေ့ရှိကြ၏။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ စက်ပစ္စည်းကိရိယာများနှင့် ဖန်တီးသော အလှအပပစ္စည်းသည် လူစိတ်ဝင်စားမှုနည်းသွားရလေသည်။ အကြောင်းမှာမူ လူကုန်ထံမိသားစုများက "လက်မှုပစ္စည်း" ကို ပို၍နှစ်ခြိုက်သည်ဟု ဆိုလာကြသောကြောင့်ပင်။ လူသားများ၏လက်နှင့် အသေးစိတ်အပင်ပန်းခံ ဖန်တီးရသည့် ပစ္စည်းတို့က ပို၍တန်ဖိုးရှိသည်ဟု ခေတ်ထလာခဲ့သည်။ စီးပွားရေးဈေးကွက်က လူကုန်ထံတို့၏ သဘောအတိုင်းသာ ပြောင်းလဲရလေ၏။ လူကုန်ထံမိသားစုမှ သခင်လေး သခင်မလေးများသည် အချင်းချင်းတွေ့ဆုံကြရာဝယ် မိမိ၏လက်လုပ်အိတ်က မည်ကဲ့သို့လှပသည်၊ မိမိ၏လက်ချုပ်ကုတ်အကျႌက ဘယ်လောက်ထိခိုင်ခံ့သည် အစရှိသဖြင့် အပြိုင်အဆိုင် ကြွားဝါကြသောကြောင့်ပင်..
YOU ARE READING
Application For Divorce [ 离婚申请 ]
FantasyMyanmar translation of light novel "Application for Divorce" Original Author - 云间 [Yun Jian] Novel status - completed(104 chapters + 17 extras) Genre - romance, fantasy, smut This is just a fan translation!! I don't own this novel. I read this novel...