13.7K 2.2K 96
                                    

Unicode

ကိုယ် မင်းနဲ့ အတူအိပ်ချင်တယ်

အတန်ကြာ စကားပြောဆိုပြီးသည့်နောက် သူတို့သည် ကားဆီသို့ ပြန်လာခဲ့ရာ လုထောင်သည် အနည်းငယ် စိတ်မကြည်မလင်ဖြစ်နေကြောင်း တွေ့လိုက်ရပေသည်။ သူ့ကို တစ်ယောက်တည်း အနောက်တွင်ချန်ခဲ့သောကြောင့် လက်တွဲဖော်ဖြစ်သူကို စိတ်ဆိုးနေကြောင်းက အသိအသာ။ လုထောင်သည်ကား ယောကျ်ားဆန်ပြီး အမြဲတမ်းနီးပါး ချောမောခန့်ညားခဲ့သည့်တိုင် ယခုကဲ့သို့ စိတ်ဆိုးနေချိန်တွင်မူ သူသည် အနည်းငယ် နှုတ်ခမ်းစူ၍ ကလေးတစ်ယောက်လို ပြုမူနေပေ၏။ သူ၏ပုံစံက ချစ်ဖို့ကောင်းသည် ဟုခံစားရသဖြင့် ချန်းကျင်းသည် မကြာခဏ သူ့ကို ကွက်ကြည့်ကွက်ကြည့် လုပ်လာခဲ့ရာ စိတ်မပြေသေးသည့် လုထောင်က မေးလာလေသည်။

"ဘာကြည့်တာလဲ"

ချန်းကျင်းက ကပျာကယာပင် အထဲသို့ ဝင်ထိုင်လိုက်ကာ ပြန်ဖြေ၏။

"မကြည့်ပါဘူး"

လုထောင် : " ....?"

ကားက ကိုယ်တိုင်မောင်းနှင်စနစ်ဖြစ်သဖြင့် ဖေလီသည်လည်း အေးအေးဆေးဆေးပင် အထဲဝင်ထိုင်လာခဲ့ပေသည်။ သူသည် သူတို့နှစ်ယောက်၏ အပြုအမူများကို ကြည့်ရင်း တစ်ခုခုပြောင်းလဲသွားကြောင်း ခံစားရကာ နောက်ဆုံး မထိန်းထားနိုင်တော့ဘဲ ပြောလိုက်မိတော့၏။

"ဗိုလ်ချုပ်က အများကြီး ပြောင်းလဲသွားတာပဲနော်"

လုထောင်က မေးလာခဲ့သည်။

"အရင်က ငါက ဘယ်လိုမျိုးဖြစ်ခဲ့လို့လဲ"

ဖေလီကို ပြန်ပြောလာသည့် လုထောင်၏ပုံစံကမူ အရင်ကအတိုင်း မပြောင်းမလဲပင်။ သူ၏လေသံသည် တမင်သက်သက် လုပ်ပြောနေခြင်းမျိုး မဟုတ်သည့်တိုင် ခက်ထန်သည့် အငွေ့အသက်တို့ အနည်းငယ် စွန်းထင်းနေသလို။

ဖေလီသည် ခဏမျှ ကြောင်သွားမိလေ၏။

"အဟမ်း ကြည့်ရတာ..သိပ်မပြောင်းလဲတဲ့ပုံပါပဲ"

သူက ခဏကြာမှ ထပ်ပြီးပြောလာခဲ့သည်။

"ဗိုလ်ချုပ်ကတော် အတွက်ပဲ သီးသန့်ပြောင်းလဲသွားတယ် ထင်ပါရဲ့"

Application For Divorce  [ 离婚申请 ] Where stories live. Discover now