၅၉ (side couple)

9.7K 1.3K 72
                                    

Unicode

အဓိကဇာတ်ဆောင်အား ပြောင်းလဲခြင်း

နှစ်မိနစ်အတွင်းမှာပင် အိပ်ရာပေါ်ထိုင်နေသော ချန်းရွှီမှလွဲ၍ ကျန်သောလူအားလုံးသည် အခန်းအပြင်ဘက်သို့ တရွေ့ရွေ့ ထွက်သွားကြရလေပြီ။ ရန်းချီကမူ မူလအတိုင်း တံခါးဝ၌ မလှုပ်မယှက် ရပ်နေကာ ချန်းရွှီကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေဆဲ။ သူ၏အကြည့်များမှာ ချန်းရွှီ၏တစ်ကိုယ်လုံးအား ဝါးမျိုသွားမတတ်ပင်။ ထို့နောက် လူအားလုံး အပြင်သို့ထွက်သွားပြီးသောအခါ ရန်းချီသည် သူ၏ခြေဖဝါးတစ်ဖက်အား မြှောက်လိုက်၍ ဘုန်းဟူသော အသံနှင့်အတူ တံခါးချပ်အား ဆောင့်ပိတ်လိုက်လေတော့၏။

ချန်းရွှီသည် မသိစိတ်အလျောက် ရေချိုးဝတ်ရုံ၏ကြိုးအား ဆွဲယူမိကာ မိမိ၏ဗလာကျင်းနေသော ကိုယ်ထည်ကို ဖုံးကွယ်ရန် ကြိုးစားမိသည်။ သို့သော် ထိုကဲ့သို့ ဖုံးကွယ်ရုံနှင့် တစ်ဖက်လူ၏လက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပါမှန်း သူကောင်းစွာ နားလည်ပြီးသားပါပင်။

ဤအချိန်၌ ရန်းချီက မည်ကဲ့သို့ပင် ပြုမူလာပါစေ သူ့အနေဖြင့် တစ်ဖက်လူအား ဆန့်ကျင်နိုင်လိမ့်မည် မဟုတ်ပါချေ။

ထို့အပြင် ရန်းချီ သူ့အပေါ် ပြုလုပ်ချင်သည့် အခြင်းအရာကို ချန်းရွှီသည် ဟိုးအရင်ကတည်းက သိရှိထားပြီးသားလည်း ဖြစ်ရသည်။

အခန်းက ကျယ်ဝန်းသည့်တိုင် ရန်းချီသည်ကား သူ့ထံသို့ အချိန်တိုအတွင်း ရောက်လာခဲ့ရလေပြီ။ ရန်းချီ၏မျက်ဝန်းများအတွင်းမှ ဒေါသရိပ်များမှာ တဖြည်းဖြည်း ပိုမိုများပြားလာသောကြောင့် ချန်းရွှီသည် တစ်ဖက်လူနှင့် မျက်နှာချင်းပင် မဆိုင်ရဲတော့ပါချေ။ ထိုအချိန်တွင် ရန်းချီက သူ့အား အိပ်ရာထက်သို့ ရုတ်တရက် တွန်းလှဲလာခဲ့ပေ၏။

ချန်းရွှီသည်ကား သတိလက်လွတ်ဖြစ်နေသောကြောင့် တစ်ဖက်လူ၏အပြုအမူကို အချိန်မီ ပြန်လည်တုံ့ပြန်နိုင်စွမ်း မရှိခဲ့။ သတိပြန်ဝင်လာချိန်တွင် ရန်းချီ၏ပွေ့ဖက်မှုအောက်၌ သူ၏ရေချိုးဝတ်ရုံကြိုးမှာ တစ်စွန်းတစ်စ ပြေလျော့သွားရပြီးပြီ ဖြစ်၍ ဖြူဖွဖွ အသားအရေနှင့် ပန်းနုရောင်သန်းနေသော ပွင့်ချပ်နှစ်ခုမှာ အထင်းသား ဖော်ဟလျက်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now