၅၀

14.9K 1.7K 78
                                    


Warning : Sexual content alert!!

Unicode

ယစ်မူးရှည်ကြာသော တစ်ညတာ

ချန်းကျင်း၏ တွေးပုံတွေးနည်းက ထူးဆန်းနေခြင်းမျိုး မဟုတ်ရပါပေ။ သူ၏တက်တူးသည် လုထောင်အား လွန်စွာမှ ဆွဲဆောင်နိုင်စွမ်း ရှိသည် မဟုတ်ရပါလား။ လွန်ခဲ့သော ရက်များအတွင်း၌ ချန်းကျင်းက ၎င်းတက်တူးအား မတော်တဆ အကြင်သူ၏ရှေ့မှောက်၌ ဖော်ပြမိပြီဆိုလျှင်ပင် တစ်ဖက်မှလူမှာ တမဟုတ်ချင်း ဝံပုလွေတစ်ကောင်အဖြစ်သို့ပြောင်းကာ သူရှိရာထံသို့ ခုန်အုပ်လာ၍ အရိုးပင်မကျန်အောင် စားသုံးပစ်မည့်ပုံစံမျိုးအဖြစ် ပြောင်းလဲသွားမတတ် ဖြစ်ခဲ့ရဖူးသည်ပင်။

လုထောင်ကမူ စကားတစ်ခွန်းမျှ ပြောမလာခဲ့ပါချေ။ သူသည် မကြည်မသာဖြစ်နေသည့် မျက်နှာပေးနှင့် ၎င်းတက်တူးအား ခပ်နာနာ ပွတ်သပ်ကြည့်နေခဲ့သည်မှာ ထိုးထွင်းထားသော စာသားများအား လက်အပူငွေ့ဖြင့် ပျောက်ပျက်သွားစေချင် သကဲ့သို့။

ချန်းကျင်းသည် ခင်ပွန်းဖြစ်သူ၏ အပြုအမူများနှင့် ပတ်သက်၍ နားမလည်နိုင်သဖြင့် တစ်ဖက်သို့လှည့်ကာ မျက်နှာချင်းဆိုင်ရန် ကြိုးစား၏။ သို့သော် လုထောင်က သူ၏ခါးအား အားဖြင့်ဖိကာ ဆုပ်ကိုင်ထားပါသဖြင့် သူသည် သေးသေးလေးမျှ လှည့်၍မရခဲ့ပါပေ။ ထို့ကြောင့် နောက်ဆုံး၌ ချန်းကျင်းသည် ခေါင်းစောင်းကြည့်လျက်သာ မေးလာရတော့လေသည်။

"ဒါလင်..ဘာ..ဘာဖြစ်လို့လဲ"

လုထောင်၏မျက်နှာသည်ကား အနည်းငယ် ကြောက်စရာကောင်း၍ မျက်ဝန်းများအတွင်း၌ ဒေါသရိပ်တို့ကလည်း တစ်စွန်းတစ်စ စွန်းထင်းနေသေးပြန်၏။ သို့ဖြစ်၍ ချန်းကျင်းမှာ ခင်ပွန်းဖြစ်သူ၏ မျက်နှာထားနှင့် ပတ်သက်၍ တစ်ခုခုက ထူးဆန်းနေသကဲ့သို့ မခံစားမိဘဲ မနေနိုင်တော့ပါချေ။

အနောက်ဘက်မှ ကျောပြင်ကမူ အပွတ်ခံရလွန်းသဖြင့် နီရဲတွတ်နေရလေပြီ။ သို့သော် တက်တူးစာသားများကမူ ပျောက်ပျက်မသွားခဲ့။ ဖြူဖွေးကာ တစ်စွန်းတစ်စ နီမြန်းနေပါသည့် ချန်းကျင်း၏အသားအရေထက်၌ အနက်ရောင်တက်တူးစာသားများက အထင်းသားရှိနေဆဲဖြစ်ကာ နည်းနည်းလေးမျှပင် အရောင်မှိန်သွားခြင်းလည်း ရှိမနေခဲ့ပါချေ။

Application For Divorce  [ 离婚申请 ] Where stories live. Discover now