၆၄ (side couple)

8.6K 1.1K 86
                                    

Unicode

အတင်းအကြပ် ပြုမူခြင်း

ထိုအချိန်မှစ၍ ၎င်းလူသားနှစ်ဦးကြားရှိ ဆက်ဆံရေးလေးမှာ နက်ရှိုင်းစွာ အက်ကွဲသွားခဲ့ရ၍ ချန်းရွှီကိုယ်တိုင်ကလည်း ရန်းချီအပေါ် ဆက်၍ အကောင်းမမြင်တော့ရုံသာမက ယခင်က ပေးအပ်ခဲ့ဖူးပါသော ကြင်နာမှုများကိုလည်း ပြန်ပြောင်းအမှတ်ရမနေတော့ပါပေ။ ယခုသူ၏လက်ရှိအခြေအနေအရ တစ်ဖက်လူအား ဒေါသအလျောက် စိတ်ဆိုးမာန်ဆိုး ပြုမူလို့လည်း မရနိုင်လေရာ ချန်းရွှီသည် ထိုလူငယ်လေးကို လျစ်လျူသာရှုထား လိုက်လေသည်။ သို့သော် သဘောတူညီချက်အရ ကတိတည်ရန် လိုအပ်သောကြောင့် ချန်းရွှီသည် နေ့အချိန်၌ အလုပ်သွားကာ ညဘက်တွင် ရန်းချီ၏နေအိမ်ထံသို့ ပြန်လာခဲ့ရ၏။ သို့သော် ယခင်ကအတိုင်း တစ်အိပ်ရာတည်းတွင် အတူတူ မအိပ်စက်ဖြစ်တော့ပါချေ။

ရန်းချီ၏အခန်းဘေးရှိ ဧည့်သည်အခန်းသို့ အိပ်စက်ရန် ပြောင်းလာမိသည့် ပထမဆုံးနေ့၌ ချန်းရွှီသည် တစ်ဖက်လူက သူ၏လုပ်ရပ်နှင့်ပတ်သက်၍ ဒေါသထွက်သွားလေမလားဟု စိုးရိမ်မိကာ အကယ်၍ ဤကဲ့သို့သာ ဖြစ်လာပါလျှင် မည်ကဲ့သို့ ဖြေရှင်းသင့်ပါကြောင်းအထိ တွေးတောနေခဲ့မိ၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် ၎င်းတစ်ညလုံးမှာ တိတ်ဆိတ်နေခဲ့ကာ ဘာကိစ္စမျှ ဖြစ်မလာခဲ့ပါချေ။ သို့နှင့် နောက်တစ်နေ့မနက်တွင် ရန်းချီက ထမင်းစားပွဲ၌ ဦးစွာတည်ရှိနေခဲ့ကာ သူ့အတွက်လည်း မနက်စာကို အထူးတလည် ပြင်ဆင်ပေးထားခဲ့လေ၏။

သို့သော် ချန်းရွှီကမူ ထမင်းစားပွဲ၏ ထိုင်ခုံထက်၌ပင် မထိုင်ခဲ့ပါ။

ချန်းရွှီသည်ကား ညီဖြစ်သူနှင့် ကွဲပြားသည်ဟု ဆိုရမည်ပင်။ ချန်းကျင်းက ဒေါသထွက်လွယ်တတ်၍ အနည်းငယ် ဆိုးသွမ်းသည့်တိုင် သူ့အကြိုက်သာလိုက်ပေးလျှင် ရင်းနှီးလွယ်သည့် လူစားမျိုးဖြစ်ရလေ၏။ ချန်းကျင်း၏ဒေါသတရားများနှင့် စိတ်ကောက်သော အခြင်းအရာများက ယာယီမျှသာ ဖြစ်ရသည့်တိုင် ချန်းရွှီကမူ ထိုကဲ့သို့ မဟုတ်ရပါပေ။ လူကြီးလူကောင်းဆန်၍ ရည်မွန်သော သူ့ထံ၌ သည်းခံနိုင်စွမ်းဟူသော အခြေအနေတစ်ခုလည်းရှိ၏။ အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ၏သည်းခံနိုင်စွမ်းကို ကျော်လွန်၍ ပြုမူလာခဲ့မည်ဆိုလျှင် ချန်းရွှီသည် ထိုလူ့ကို ဘဝတစ်သက်တာလုံး မုန်းတီးသွားမိမည်ဖြစ်ကာ မူလအခြေအနေအတိုင်း ပြန်လည် အဆင်ပြေဖို့ဆိုသည်မှာလည်း မည်သို့မျှ မဖြစ်နိုင်ပါချေ။

Application For Divorce  [ 离婚申请 ] Where stories live. Discover now