၃၆

14.7K 1.7K 36
                                    

Warning : Sexual content alert!

Unicode

ထိုလူဟာ သူ့ကိုယ်သူ ပြန်သဝန်တိုနေသည်တဲ့လား!?

ဂိမ်းပြိုင်ပွဲများ အားလုံးနီးပါး ပြီးဆုံးသောအခါ ညနေစာစားချိန်ပင် ရောက်ရှိလာရပြီ ဖြစ်၏။ ယွိမိသားစု၏ စားသောက်ခန်းသည်ကား အလွန်တရာမှ ကြီးမားလှသည်ဖြစ်၍ အတွင်း၌ စားပွဲရှည် ၃ ခုံကိုလည်း လျာထားသေးလေသည်။ ထိုစားပွဲခုံများထက်၌မူ အရသာရှိလွန်းသော စားသောက်ဖွယ်ရာများနှင့် မုန့်အချိုပွဲများ သာမက လတ်ဆတ်သော အသီးအနှံများစွာကလည်း ရှိနေသေး၏။ အထူးသဖြင့် တန်ဖိုးကြီးလှပါသော ပျားစပျစ်များမှာ တောင်တစ်တောင်ကဲ့သို့ အပုံအပင်။

စားသောက်ခန်းအတွင်းရှိ ဂုဏ်သရေရှိ ဧည့်သည်တော်များ နှင့် အထူးသဖြင့် လူငယ် သခင်လေး သခင်မလေးများသည် အိနြေ္ဒသိက္ခာအရ အနည်းငယ်မျှသာ စားတတ်ကြ၍ မိမိတို့၏ အသွင်အပြင်ပုံရိပ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် ထိန်းကွပ်လေ့ရှိကြပေ၏။ ထိုကဲ့သို့ မဟုတ်ပါဘဲ အများနှင့် ခွဲထွက်နေသည်ဆိုပါက ထိုလူသည် ကျိန်းသေပေါက် ရိုင်ဂျယ်မိသားစုမှ မိသားစုဝင်တစ်ဦးသာ ဖြစ်လိမ့်လေမည်။

ချန်းကျင်းနှင့် လုထောင်ကမူ ညစာပါတီပွဲအား တက်ရောင်ခြင်းမရှိခဲ့ပါချေ။ သူတို့နှစ်ယောက်လုံးသည် ပြိုင်ပွဲပြီးပြီးချင်ပင် လေယာဉ်နှင့်ပြန်သွားခြင်း ဖြစ်၏။

၎င်းလေယာဉ်မှာ လုထောင်၏အမည်နှင့် တည်ရှိသော စစ်တပ်သုံး ပိုင်ဆိုင်မှုတစ်မျိုးဖြစ်၍ အရည်အသွေးက အထူးကောင်းမွန်ကာ သီးသန့်သုံးစွဲနိုင်ခွင့်လည်း ရှိသည်ပင်။ ထိုလေယာဉ်သည် လေပြင်ထက်၌ ပုံမှန်နှုန်းဖြင့် ချောချောမွေ့မွေ့ ပျံသန်းလျက်ရှိလျက် ယာဉ်ကြောင်းလမ်း ပိတ်ဆို့မှု ဖြစ်ပါက သူ့အလိုအလျောက် ရပ်သွားလိမ့်လေမည်။

သို့ဖြစ်၍ လေယာဉ်ပေါ်မှ စီးနင်းလိုက်ပါလာသော လူနှစ်ဦးအနက် မည်သူကမျှ ကိုယ်တိုင်ကိုယ်ကျ မောင်းနှင်လိုစိတ် ရှိမနေခဲ့ပါချေ။

အမှန်မှာမူ ချန်းကျင်းသည် လေယာဉ်အတွင်းသို့ စတင်ဝင်ရောက်လာချိန်ကတည်းကစ ကျဉ်းမြောင်းသော အပေါက်ဝ၏ချောင်တစ်နေရာ၌ တစ်ဖက်လူဆီမှ ဖိကပ်ခံထားရခြင်း ဖြစ်လေ၏။ လုထောင်က သူ၏မျက်နှာချင်းဆိုင်၌ ရပ်နေခြင်းဖြစ်ကာ အလိုရမ္မက်တို့ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် သူ့အား အတန်ကြာ စိုက်ကြည့်နေခဲ့ပေသည်။ လုထောင်သည် ပထမဦးစွာ ချန်းကျင်း၏အောက်နှုတ်ခမ်းအား အသာအယာကိုက်လာ၍ ထို့နောက် တစ်ဖက်လူ၏ အသွေးအသားများအား လောင်ကျွမ်းသွားစေနိုင်သည်အထိ ဆာလောင်နေသော မျက်ဝန်းများနှင့် နက်ရှိုင်းစွာ စိုက်ကြည့်လာခဲ့ခြင်းမျိုး ပါပင်။

Application For Divorce  [ 离婚申请 ] Hikayelerin yaşadığı yer. Şimdi keşfedin