၄၄

13.9K 1.6K 55
                                    


Warning : Sexual content alert!

Unicode

အတွဲခုံထက်မှ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံအချို့

Folding space အား ဖြတ်သွားသည့်ကြာချိန်မှာ အမှန်ပင် တိုတောင်းလှ၏။ ၎င်းမှာ ၁၅ မိနစ်ခန့်မျှသာ ကြာမြင့်၍ ၎င်းအချိန်အတောအတွင်း၌ ဘေးဘက်ပြတင်းပေါက်မှ မြင်တွေ့ရသော ပတ်ဝန်းကျင်မှာ မှောင်မိုက်နေသောကြောင့် အနည်းငယ် စိတ်လှုပ်ရှားမိသည်မှလွဲ၍ ချန်းကျင်းသည် ထူးထူးခြားခြား ဘာမျှမခံစားရပါချေ။ သူသည် လုထောင်၏လက်တစ်ဖက်အား တင်းကြပ်စွာ ဆုပ်ကိုင်ရင်းနှင့်ပင် တိုးဖွဖွ စကားဆိုလာခဲ့၏။

"ဒီနေရာမှာ ယာဉ်မတော်တဆမှု ဖြစ်သွားရင် ကျွန်တော်တို့က ဘာဖြစ်မှာလဲဟင်"

"ပျောက်ကွယ်သွားမှာ.."

လုထောင်၏လေသံက တည်ငြိမ်နေသည့်တိုင် ချန်းကျင်းကမူ သူ၏အဖြေကြောင့် ထိတ်လန့်သွားရပေ၏။

"ပျောက်ကွယ်သွားမယ်? အဲ့ဒါက ဘာကိုပြောချင်တာလဲ"

"ဒီနေရာမှာ မတော်တဆဖြစ်သွားရင် ကိုယ်တို့တွေအားလုံး မော်လီကျူးအမှုန်လေးတွေတောင် မတည်ရှိနိုင်တဲ့ ချောက်နက်ကြီးတစ်ခုထဲကို ပြုတ်ကျသွားလိမ့်မယ်"

ဇနီးသည်ဖြစ်သူလေး၏ ဝိညာဉ်လွင့်မတတ် ကြောက်လန့်နေသော ပုံစံအားမြင်ရသောအခါ လုထောင်သည် သဘောကျစွာ တစ်ချက်မျှရယ်လိုက်မိ၍ ထို့နောက် ချန်းကျင်း၏ ဦးခေါင်းထက်သို့ ခပ်ဖွဖွ ပုတ်ပေးလာခဲ့၏။

"အရမ်းမစိုးရိမ်ပါနဲ့။ Folding space ကိုအသုံးပြုလာတဲ့ နှစ်ပေါင်း တစ်ရာ့နှစ်ဆယ်အတွင်းမှာ မတော်တဆမှုဆိုလို့ တစ်ခုတည်းဖြစ်ခဲ့ဖူးတာပါ။ နောက်ပြီး အဲ့ဒါကလည်း နှစ်ပေါင်း တစ်ရာ့တစ်ဆယ်တောင် ကြာခဲ့ပြီလေ တစ်နည်းအားဖြင့် ပြောရရင် ဒီနှစ်ပေါင်း တစ်ရာ့တစ်ဆယ်ဆိုတဲ့ အချိန်ကာလအတွင်း မတော်တဆမှုတွေ ထပ်ပြီးမဖြစ်လာခဲ့ဘဲ အန္တရယ်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်ခဲ့တယ်ဆိုတဲ့ သဘောပဲမလား။ အဲ့ဒါကြောင့် ကိုယ်တို့တွေလည်း နောက်ထပ် မတော်တဆမှုနဲ့ ကြုံရအာင်အထိ ကံမဆိုးလောက်သေးပါဘူး"

Application For Divorce  [ 离婚申请 ] Where stories live. Discover now