၆၉

12.2K 1.8K 82
                                    

Unicode

လုထောင် ~ ခင်ဗျား မှတ်ဉာဏ်တွေ ပြန်ရနေပြီလား?

"ဟင့်အင်း။ ဘာမူမမှန်တာမှ မတွေ့မိပါဘူး"

ချန်းကျင်းသည် မိမိ၏စိတ်ထဲမှ ကြောက်ရွံ့စိတ်များအား အတင်းမြိုသိပ်လိုက်၍ ပုံမှန်လေသံနှင့် ပြန်ဖြေလာခဲ့သည်။

သူ့အနေဖြင့် အကျႌစအောက်ဘက်၌ မည်သည့်အရာက တည်ရှိနေမှန်း မသိသည့်တိုင် သူက ၎င်းမူမမှန်မှုအား မြင်ခဲ့သည်ဟု ပြန်ဖြေလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းအရာက သူ၏နှလုံးအိမ်တစ်ခုလုံးကို တစ်ချက်တည်း ဖောက်ထွက်အောင် လုပ်ပစ်လိမ့်မည်ဖြစ်ကြောင်း သူအတပ်သိနေလေသည်။

အစောင့်ခေါင်းဆောင်သည်ကား ချန်းကျင်း၏အဖြေကို အပြည့်အဝ မယုံကြည်ခဲ့ပါပေ။ သို့သော် အနား၌ လုထောင်နှင့် အိုက်ရွှယ်ကလည်း ရှိနေသောကြောင့် သူသည် လက်အောက်ငယ်သားများအား သေနတ်သိမ်းရန် ညွှန်ကြားလိုက်၍ တံခါးမကြီးကို အလုံပိတ်လိုက်၏။

ထို့နောက် သူက ချန်းကျင်းအား စကားဆိုလေသည်။

"အားနာပေမဲ့ ဗိုလ်ချုပ်ကတော်ကို ဒီရုံးခန်းထဲမှာပဲ ဆက်နေပေးဖို့ တောင်းဆိုပါရစေ။ ကျွန်တော်တို့တွေ စောင့်ကြည့်ကင်မရာကို သွားပြီး စစ်ဆေးကြည့်လိုက်ပါဦးမယ်"

ခဏမျှ စကားရပ်ပြီးနောက် သူက ဆက်ဆို၏။

"စကားမစပ် ကျွန်တော့်ကို တစ်ခုလောက် မေးခွင့်ပြုပါ။ ဒေါက်တာဂယ်လ်ဆင် ထွက်သွားပြီးတဲ့နောက်ပိုင်း ရုံးခန်းအပြင်ဘက်ကို ထွက်ခဲ့သေးပါသလား ဗိုလ်ချုပ်ကတော်?"

"အပြင်ဘက် မထွက်ဖြစ်ခဲ့ပါဘူး"

ချန်းကျင်းက ကပျာကယာ ဆက်ရှင်းပြ၏။

"ဒါပေမဲ့ ထွက်မလို့ဆိုပြီး အတွင်းဘက်ကနေ တံခါးကို ခဏလောက် ဖွင့်ခဲ့မိသေးတယ်။ အဲ့ဒါကလည်း သိပ်မကြာသေးဘူး.. ခင်ဗျားတို့ ဝင်မလာခင် အချိန်တုန်းက ဖွင့်ခဲ့မိတာ"

"ဘာကြောင့် ထွက်မလို့လုပ်ခဲ့တာပါလဲ"

ချန်းကျင်းက ၎င်းမေးခွန်းအား ပြန်မဖြေခင် အနားမှ လုထောင်ကို တစ်ချက်လှမ်းကြည့်လိုက်ကာ ခပ်ဖွဖွ ဆိုသည်။

Application For Divorce  [ 离婚申请 ] Where stories live. Discover now