၁၀

15.5K 2K 87
                                    


Warning : Sexual content alert!

Unicode

Blow Job!?

ချန်းကျင်းသည် ယခင်ကတည်းက ပရိဘောပစ္စည်းအများအပြားကို အသုံးပြုခဲ့ဖူးသည့်အတွက် အိမ်တွင်းအပြင်အဆင်နှင့်ပတ်သက်ပြီး ကောင်းကောင်း အတွေ့အကြုံ ရှိလေသည်။ သူ့အိပ်ရာအပေါ်ပိုင်း၏ တန်ဆာဆင်ပုံက မြင်ရသူတိုင်းကို သက်သောင့်သက်သာ ဖြစ်စေ၏။ ထို့အပြင် သူသည် တစ်အိမ်လုံးကိုလည်း ပစ္စည်အသေး အကြီးမျိုးစုံနှင့် အလှဆင်ထားသည့်တိုင် ၎င်းပစ္စည်းများအားလုံးမှာ အတိတ်က သုံးခဲ့ဖူးသော တန်ဖိုးကြီးပစ္စည်းများ မဟုတ်ရပါဘဲ ဈေးပေါသည့် ပစ္စည်းအချို့နှင့် အလုပ်မှ ပစ္စည်းအကျန်များကို စု၍ ချန်းကျင်းကိုယ်တိုင် ချုပ်လုပ်ထားသော လက်မှုပစ္စည်းများ ဖြစ်ကြသည်ပင်။

လုထောင်သည် နေရာတိုင်းကို သေချာလိုက်ကြည့်နေခဲ့ရာ ၎င်းနေရာတိုင်းတွင် အလှဆင်ထားသော ပစ္စည်းတိုင်းကလည်း စိတ်ဝင်စားစရာ ကောင်းကြောင်း တွေ့မိလေတော့၏။ သူသည် လှိုင်းပုံစံတွန့်နေသော ပစ္စည်းအသေးလေးတစ်ခုကို ကောက်ယူလိုက်ကာ ဂရုတစိုက်ကြည့်ရှုလာ၍ မေးလာခဲ့ပေသည်။

"ဒါက..ပန်းအိုးလား"

"မဟုတ်ဘူး အဲ့ဒါက တိုလီမုတ်စလေးတွေ ထည့်ဖို့"

ထိုကဲ့သို့ ပြန်ဖြေလိုက်ရချိန်တွင် ချန်းကျင်းသည် အနည်းငယ် ရှက်မိသွားရ၏။ အတိတ်အခါကမူ ၎င်းထဲတွင် တန်ဖိုးကြီးသည့် ပုလဲနက်တစ်လုံး တည်ရှိခဲ့သည်ပင်။ သူသည် ၎င်းရတနာကို အလွန်ပင်နှစ်သက်ရသည့်တိုင် ဖခင်ဖြစ်သူ၏ဆေးဖိုးအတွက် ရောင်းပစ်ခဲ့ရပေသည်။ လိုအပ်သည့် ဆေးစရိတ်များကို ရှင်းပေးခဲ့ပြီးသည့်နောက် သူသည် ရက်အနည်းငယ်ကြာသည်အထိ ဖြည့်စွက်စာကို ဝယ်မစားနိုင်ခဲ့သဖြင့် နောက်ဆုံး ၎င်းပစ္စည်းကို ရောင်းခဲ့ရခြင်းပင်။ နောက်ပိုင်းတွင်မူ သူသည် အန်ဒီ၏အော်ဒါများကို ဝယ်သူစိတ်ကျေနပ်အောင်အထိ စွမ်းဆောင်ပေးနိုင်ခဲ့ရာ ငွေရေးကြေးရေးလည်း ထပ်၍ မပူရတော့သလို ဆာလောင်မှုဒဏ်ကိုလည်း မခံစားရတော့ပါပေ။

Application For Divorce  [ 离婚申请 ] Where stories live. Discover now