~1~

3.4K 237 10
                                    

(Unicode)

“ Omma”

“ငါ က နင့် အမေ မဟုတ်ဘူး”

ရင်ဝကို စောင့်ကန်ခံလိုက်ရသလို ခံစားလိုက်ရတဲ့ စကားလုံတွေ

ပြေးဖက်မလို့ လုပ်ထားတဲ့ လက်ကလေးဟာ လေထဲမှာပဲ ရပ်သွားခဲ့သည်။

ကျွန်တော့် မွေးနေ့ တိုင်းအမေက  မိယောဂု ချက်ကျွေးနေကြမို့ ဒီနေ့လဲ ကျောင်းကနေ ပျော်ပျော်ရွင် ရွင် ပြန်လာခဲ့ တာ

Omma ပေးလိုက်တဲ့ မွေးနေ့ လက်ဆောင်က နင့် အမေ မဟုတ်ဘူး

" နင့် အမေ ဘယ်သူလဲ ဆိုတာ ငါလဲ မသိဘူး နင့်အဖေက ပွေရှုပ်တယ် ဆိုပေမဲ့ ဒီလိုမျိုး ကလေး တစ်ယောက်ကို အိမ်ခေါ်လာတဲ့အထိမျက်နှာ‌ေပြာင် တိုက်လိမ့်မယ်လို့တော့ ငါမထင်ခဲ့ဘူး နင်ငယ်သေးတဲ့ချိန်က ငါ မပြောခဲ့ဘူး ခု နင်ကြီးလာပြီ နင့်အဖေကို မကွာရှင်းနိုင်တဲ့ ငါ့အတွက် နင်က ပြန်ပေးဆပ်ရမယ် ငါက တခြားမိန်းမတစ်ယောက်ရဲ့ ကလေးကို ပြုစုစောက်ရှောက်လာခဲ့ရတာ နင်ဒီလို ဆက်ဆံခံရလို့ ငါ့ကိုမမုန်းနဲ့ နင်အဖေ အပြစ်တွေပဲ”

အဲ့ စကားတွေက ကျွန်တော် ဂျွန်ဂျောင်ကု ၁၀ နှစ်ပြည့်မွေးနေ့ အတွက်ရခဲ့တဲ့ မွေးနေ့လက်ဆောင်လေ  ဘယ်တော့မှလဲ မမေ့မဲ့ ဆုတောင်းတွေပေါ့

ကိုရီးယားမှာ နာမည်တစ်လုံးထဲနဲ့ နေတဲ့ J&K group ရဲ့ ပိုင်ရှင်၊ ဝန်ကြီးရဲ့ သမီးလဲဖြစ် အမျိုးသမီးတိုင်းရဲ့ စံပြဖြစ်တဲ့  အမေဟာ အဖေကို မကွာရှင်းနိုင်ဘဲ ပွေရှုပ်နေတဲ့ အဖေ့ အရှုပ်တွေကို ပိုက်ဆံ ထုပ်ပိုက်ပြီးလိုက်ရှင်းနေတဲ့ မိန်းမတစ်ယောက်ဆိုတာတော့ ဘယ်သူမှ မသိခဲ့ဘူး

“ CEO အမေ က အင်္ကျီပို့ လိုက်ပါတယ် ညနေကျရင် စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ တွေ့ဆုံပွဲကို သွားတတ်ပါတဲ့”

“OK ထားခဲ့လိုက်”

ပွေရှုပ်နေတဲ့သူဟာ ကျွန်တော့် အဖေဖြစ်နေတာမို့ အမေရဲ့ တစ်ချက်လွတ် အမိန့်တွေကို ဘယ်သောအခါမှ မလွန်ဆန်ခဲ့ဘူး  အမေ့အတွက်ပဲဖြစ်ဖြစ် ကျွန်တော် ပေးဆပ်ရမယ်လေ ကျွန်တော်ဟာ အလုပ်လုပ်တတ်တဲ့ နှလုံးသား မရှိတဲ့ စက်ရုပ်လိုပါပဲ အဲ့ နေ့က ကျွန်တော်နောက်ဆုံးငိုခဲ့တဲ့နေ့ နောက်ဆုံးရယ်ခဲ့တဲ့နေ့ပေါ့

Love is Healing [ Completed ]Where stories live. Discover now