‌~14~

1.3K 155 9
                                    

Unicode

ဝါးး

ပြတင်းကနေကျလာတဲ့ နေရောင်ခြည်နွေးနွေးကို ခံယူရင်း လက်နှစ်ဖက်ကိုမြှောက်ကာ အပျင်းကြောကို ဆန်ထုတ်လိုက်သည်။ ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်တော့ ကောင်းကင်ကြီးက တိမ်သားကင်းစင်ကာ ပြာလဲ့နေသည်။ ခပ်သေးသေး တိုက်ခတ်လာတဲ့ လေးညှင်းလေးကို တ၀ ရှုရှိက်လိုက်ပြီး တီးတိုးပြောဖြစ်လိုက်သည်။

Good morning Ko Ko!

ဒီလေပြေလေးနဲ့အတူ ကိုကို့ ဆီရောက်ပါစေ။

ကိုကို နဲ့ ပြန်တွေ့ကတည်း သူဆေးသောက်စရာ မလိုပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ့်ပျော်ခဲ့သည်။ ဒီမနက်ခင်းလဲ ခေါင်းက ကြည်လင် လန်းဆန်းလို့‌‌ေနသည် ။ကိုကိုရဲ မျက်နှာ ဖူးဖူးလေးကို မြင်ယောင်မိတော့ နှုတ်ခမ်းထက်မှာ အပြုံးတစ်ခုက ပေါ်လာသည်။

ဒီနေ့ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ကိုကိုနှင့်ကော်ဖီဆိုင်တွင် ချိန်းထားပြီးဖြစ်သည်။
သူမဖွင့်တာ ကြာပြီဖြစ်တဲ့ Yiruma ရဲ့ river flows in you လေးကို ဖွင့်ပြီး ရေချိုးခန်း၀င်လိုက်သည်။

ကိုကို ဟာ အဲဒီ သံစဉ်လေးလို ကျွန်တော့်နှလုံးသားထဲမှာ တသိမ့်သိမ့် စီးဆင်းနေတဲ့ မြစ်လေး တစ်စင်းပဲ
ကျွန်တော်ရဲ့ အေးချမ်းရာလေး...

ဗီရိုထဲမှ လက်ရှည် အဖြူရောင် Shirt ကို အမည်းရောင်ဘောင်းဘီ နှင့် တွဲ၀တ်လိုက်သည်။ အကျီလက်ကို အနည်းငယ်ခေါက်တင်ပြီး ကျွန်တော့် သွေးကြောများ ထင်းနေသည့် လက်ကို ကိုကို မြင်စေရန် ဖော်ထားလိုက်သည်။

ကျွန်တော် လေ့ကျင့်ခန်းလုပ်ထားတယ်လေ
ကိုယ်အတွေးကို ကိုယ်သဘောကျစွာ ရယ်မိသည်။
ကျွန်တော်လဲ အရူးပဲ.....

ကျွန်တော် လေ့ကျင့်ခန်းလုပ်ထားတယ်လေ ကိုယ်အတွေးကို ကိုယ်သဘောကျစွာ ရယ်မိသည်။ကျွန်တော်လဲ အရူးပဲ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Love is Healing [ Completed ]Where stories live. Discover now