‌~16~

1.2K 155 20
                                    


Tae ရုံးရောက်တော့ ဂျင် ကို မတွေ့။ ဂျင်ဒီနေ့ ရုံးမလာဘူး ဟု ဆိုသည်။ သူဂျင်ဆီကို ဖုန်းဆက်ရန် ဖုန်းကို ထုတ်လိုက်ချိန် content မှတ်ထားခြင်း မရှိသော ဖုန်းကော တစ်ခု ဝင်လာသည်။

>> “ ဟယ်လို”

<< “ TJ ရဲ့ ceo tae လား ခင်ဗျ”

>> “ ဟုတ်ပါတယ် ဘယ်သူလဲ”

<< “ ကျွန်တော် *** က သတင်းထောက်ပါ ခုတတ်နေတဲ့ သတင်းတွေက အမှန်ပဲလား CEO နဲ့ အတွင်းရေးမှူးက တွဲ နေကြတာလား ဘယ်လို ဆက်ဆံရေးမျိုးလဲ”

သတင်းထောက်ဆိုတဲ့ လူ ပြောနေတဲ့ စကားတွေ သူတစ်လုံးမှကို သဘောမပေါက်။ ဘာသတင်းတွေ တတ်နေလို့လဲ ဘာလို့ ဂျင်ရဲ့ နာမည်က ပါနေရတာလဲ။ သူ့ အလုပ်ခုံပေါ် လက်တော့ပ် ဆီသွားကာ သတင်းကိုရှာကြည့်မိသည်။

အား သူနဲ့ ဂျင် နဲ့ နမ်းနေတဲ့ ပုံတွေ လိုင်းပေါ်မှာ ပလူပျံနေသည်။  သတင်းပေ့ချ်တိုင်းက သူတို့ ပုံတွေ ကိုသတင်းလုပ်တင်နေကြသည်။

နေပါဦး သူရုံးခန်းထဲက ကိစ က ဘယ်လိုလုပ် ဒီလိုင်းပေါ်ကို ရောက်သွားတာလဲ။ သူရဲ့ဖုန်းရော အလုပ်ဖုန်းတွေပါ တဂွမ်ဂွမ်ကို မြည်လာသည်။ သူသေချာ စဉ်းစားနေရင်း သိပြီ ဒါဘယ်သူ လက်ချက်လဲ ဆိုတာ ကို ထယ်သိပြီမို့ သူအပြေးအလွားသွားမိသည်။
.
.
.
.
.

“ omma ဒါဘယ်လိုဖြစ်တာလဲ”

သူ ဒါတွေကို အမေလုပ်မှန်းသိသည်။ ဟိုနေ့ အမေကို သူပြောပြမိတဲ့ စကားတွေကြောင့် ဖြစ်လိမ့်မည်။ အမေက သူလာမယ်ဆိုတာ သိသည်ထင် သူကိုမြင်တော့ အောင်နိုင်သူ အပြုံးနှင့် ပြုံးပြနေသည်။

“omma ဘာတွေ လုပ်နေတာလဲ”

အမေက ဧည်ခန်းက ဆိုဖာပေါ်တွင်ထိုင်ကာ အရှေ့ ခုံပေါ်က ပန်းလက်ရည်ခွက်ကို ယူလိုက်ပြီး တစ်ငုံသောက်လိုက်ပြီးမှ

“ ဘာဖြစ်လို့လဲ သား လိုချင်တာကို အမေ ယူပေးနေတာလေ”

အမေက အပြုံးတွေနှင့် ပြောသည်။

မဟုတ်ဘူး သူလိုချင်တာ အဲ့လိုမဟုတ်ဘူး ဂျင်ကို သူ အနားရှိစေချင်တာမှန်ပေမယ့် အဲ့လိုနည်းနဲ့တော့ မဟုတ်တော့ဘူး

Love is Healing [ Completed ]Tahanan ng mga kuwento. Tumuklas ngayon