‌~19~

1.1K 161 23
                                    

Unicode

Flashback

“ ကိုယ်မင်းကို တာဝန်ယူတယ် ကိုယ်မင်းကို လက်ထက်မယ်”

ထယ်ရဲ့ စကားများကြောင့် သူဘာမှ မပြောပြန်မပြောတော့ဘဲ လှည့်ထွက်လာခဲ့သည်။

ထယ်က အနောက်ကနေ လိုက်လာပြီး သူ့လက်ကို ဆွဲကာ.

“ ကိုယ်ပြောနေတယ်လေ ကိုယ်မင်းကို လက်ထက်မယ်လို့”

ဂျင် ထယ့် လက်တွေကို ပုတ်ချလိုက်ပြီး

“ ceo ဘာတွေ ပြောနေတာလဲ ceo  မရှင်းပေးရင် ကိုယ့်ဘာသာ ကိုယ်၇ှင်းမယ် ဓာတ်ပုံလေးတစ်ပုံနဲ့ လက်ထက်မယ်ဆိုတော့..”

သူထပ်ပြီး ထွက်ရန်ပြင်လိုက်တော့ ထယ် က စကားဆက်ပြောသည်။

“ ဂျင် မင်းမိသားစု တွေ အ တွက်ကရော မင်းနဲ့ကိုယ့်ကို ချစ်နေကြတယ်လို့ ယုံကြည်နေတဲ့ သူတို့ အတွက်ရော..”

အဲ့ စကားကြားတော့ ဂျင် ခြေလှမ်းကို ပြန်လှည့်လိုက်သည်။

“ အဲ့တာကိုလဲ ceo စိတ်ပူစရာ မလိုပါဘူး ကျွန်တော်ရှင်းနိုင်တယ်..”

သူပြန်လှည့်လာတော့ ထယ်က ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်ကာ လေသံအေးအေးနှင့် စကားကို ဆက်သည်။

“ ကိုယ် မင်းညီလေးကို ကျောင်းထားပေးနိုင်တယ် သူ သိပ်ဈေးကြီးတဲ့ အနုပညာကျောင်းတတ်ချင်နေတာမလား ကိုယ်ထားပေးမယ်..”

သူ ထယ်စကားများကို ကြားတော့ အသံထွက်အောင် ဟက်ပက်ပက် ရယ်လိုက်မိသည်။ သူကို ထယ်က ဘယ်လောက်တောင် လျော့တွက်ခဲ့တာလဲ…

“ ceo  ကျွန်တော့် ယောကျားပါ ကျွန်တော်ညီကို ကိုယ်တိုင် ကျောင်းထားနိုင်တယ် သူဖြစ်ချင်တာမှန်သမျှ ကျွန်တော်လုပ်ပေးနိုင်တယ် လုပ်လဲ လုပ်ပေးမှာ.. ကျွန်တော် ဒီမှာပဲ တစ်ခါထဲ ပြောခဲ့လိုက်တော့မယ် ကျွန်တော် company ကနေ အလုပ်ထွက်တယ်..”

ထယ်က တစ်ချက် ဟက်ခနဲ့ ရယ်လိုက်သည်။ ထယ်ဆက်ပြောလာသော စကားများက သူ့ကို တဆတ်ဆတ် တုန်စေသည်။

“ သေချာလို့လား ဂျင် ကိုယ်ဒီလို စကားတွေ မပြောချင်ပေမဲ့ ပြောရတော့မယ် ထင်တယ်”

Love is Healing [ Completed ]Where stories live. Discover now