‌~18~

1.2K 160 24
                                    

Unicode

Love U I

ကု က သဲသောင်ပြင်ပေါ်တွင် တုတ်နှင့် ရေးဆွဲသော စာ......

" ကု အာ! I Love U မဟုတ်ဘူးလား"

" အာညီး love ဆိုတဲ့ စကားလုံးက ကိုယ့်တို့ကို ခွဲထားမှာ မလိုချင်ဘူး"

ကု ပြောလိုက်တဲ့ စကားကြောင့် ဂျင်ရင်ထဲ စစ်ခနဲ့

ကု က သူ့ကို ခဏခဏ သတိပေးနေတယ်...

" ကု အာ ပြန်ကြရအောင်.."

" wae? အစောကြီး ရှိသေးတာကို"

" ပြန်မယ် မင်းအလုပ်မှီသေးတာပေါ့ ဒီနေ့ မိုးရွာမယ်လို့ ပြောထားတယ် မိုုးမမိခင်ပြန်ရအောင်..."
.
.
.
.
.

ကားပေါ်တွင် လာတုန်းကနှင့် မတူ သူတို့ နှစ်ယောက်လုံး တိတ်ဆိတ်နေခဲ့ကြသည်။

တိတ်ဆိတ်နေမှုကို စတင်ဖြိုခွဲလိုက်သူက ကိုကို...

" ကု အာ ကိုယ်မင်းကို ပြောစရာရှိတယ်..."

" ကိုယ်ကားမောင်းနေတယ် မပြောနဲ့"

သူကြောက်တယ် စောစောက ထိနွေးထွေးနေတဲ့ ကိုကို ပြောလာမဲ့ စကားတွေကို သူကြောက်တယ်... တွေ့ကတည်းက ကိုကို့ မျက်ဝန်းတွေကို သူကြည့်ခဲ့သည်။

သူနားမလည်သော မျက်ဝန်းတွေ
မဟုတ်ဘူး သူနားမလည်ချင်သော မျက်ဝန်းတွေနဲ့

မပြောနဲ့ ကိုကို ဘာစကားမှ မပြောနဲ့ ...

" အင်း အာ့ဆိုလဲ ကိုယ်တို့ အိမ်နားက ကလေးကစားကွင်းကို ခဏဝင်ကြရအောင်"

ကိုကို ဘာတွေ အဲ့လောက်ကြိုးစားနေရတာလဲ...

" ဘာလဲ ကိုကို က ဆော့ချင်သေးလို့လား"

သူရယ်ကာ ပြောလိုက်ရင်း သူတို့ကြားထဲ ရောက်နေသည့် အေးစက်နေတဲ့ လေထုကို နွေးစေရန် ကြိုးစားလိုက်သည်။ ကိုကိုကတော့ အပြင်ဘက်ကို ကြည့်ပြီး ပြုံးနေရုံသာ..

သူတို့ ကစားကွင်းကို ရောက်တော့ ကိုကို က ဒန်းလေးပေါ်တွင် သွားထိုင်သည်။ သူဘေးဘက်က လွတ်နေတဲ့ ဒန်းတစ်ခုပေါ်တွင် ထိုင်လ်ိုက်သည်။

" ကု အာ! ကိုယ်တို့..."

ကိုကို က စကားစသည်။ သူရုတ်တရက် မတ်တတ်ရပ်လိုက်ရင်း

Love is Healing [ Completed ]Where stories live. Discover now