‌~13~

1.3K 163 10
                                    

Unicode

Tae ကို နှုတ်ဆက်ပြီး အိမ်ထဲသို့ ပြန်ဝင်ရန် ပြင်လိုက်ချိန် အရှေ့က ရုတ်တရက် မျက်လုံးထဲဝင်လာတဲ့ အရာကြောင့် လူက လိပ်ပြာလွင့်မတတ်ဖြစ်သွားသည်။

“ အမလေး လန့်လိုက်တာ.. ကု a ဘယ်လိုလုပ်ပြီး အဲ့မှာသရဲလိုမျိုး ရပ်နေရတာလဲ”

“ ကို ကျွန်တော့်ကို ပြောတဲ့ မအားဘူးဆိုတာ အဲ့လူနဲ့ တွေ့နေရလို့လား”

“အင်း ထမင်းဖိတ်ကျွေးတာ”

ဂျောင်ကု တစ်ယောက် အလိုမကျစွာ ပါးစောင်ကို လျှာနဲ့ထိုးပြီး ခေါင်းငုံကာ မြေကြီးကို ဖိနပ်နဲ့ ထိုးနေသည်။

“ အဲတာ ဘာဖြစ်နေတာလဲ”

“ရိုးရိုးသားသား ထမင်းဖိတ်ကျွေးတာမလား”

“ ဟမ် အဲ့တာ ဘယ်လိုစကားကြီးလဲ ငါက သူ့ကို ထမင်းကျွေးပြီး ပြန်ပေးဆွဲမယ်ထင်လို့လား”

“ မဟုတ်ဘူး ကိုရဲ့ … ဟင်း ကိုနဲ့ ဘယ်လို ပတ်သတ်လဲ ကိုနဲ့”

“ဘာတွေ တ ကိုထဲ ကိုနေတာလဲ မင်းထင်သလို မဟုတ်ဘူး ငါကျေးဇူးရှိတဲ့သူ”

“ ဟီး ထင်တော့ ထင်သားပဲ”

“ တော်တော် တောင် မှောင်နေပြီကို ဘာလာလုပ်တာလဲ ပြန်တော့”

“ပြန်မှာ ပြန်မှာ လွမ်းလာလို့လာတွေ့တာကို တစ်ခုလုပ်ပြီးရင် ပြန်မယ်”

“ဘာလဲ မြန်မြန်လုပ်ပြီး ပြန်တော့”

“ကိုကို ဟိုဘက်မှာ ဘာကြီးလဲ မသိဘူး”

ကုလက်ညိုးထိုးပြတဲ့နေရာကို ကြည့်လိုက်တော့ ပါးပေါ်သို့ စိုအိနေတဲ့အရာ လာထိသည်။

မွ~

“ရားးးး

ကျွန်တော် ပါးကို နမ်းပြီး တစ်ချိုးထဲ ပြေးသွားလေသည်။
ကားပေါ် တတ်ခါနီး လုပ်စရာလုပ်ပြီး ပြီ ဆိုတော့ ပြန်ပြီ ကိုကိုရေ ရုံးပိတ်ရက်ကျမှ ..ဟီးဟီး ဟု အော်ပြောသွားသေးသည်။ 
ဟီး ဟီးဆိုတာ ဘာလဲ ဒီကောင်လေး လွန်ခဲ့တဲ့ ၇ နှစ်က အတိုင်း မပြောင်းလဲ သေးပါဘူး။အင်း ပြောရမယ်ဆိုရင် ကျွန်တော့် ရင်ခုန်နှုန်းတွေကလဲ အရင်အတိုင်းပါပဲ။ ကျွန်တော်လဲ ပါးကို ကိုင်ပြီး ပြုံးကာ အိမ်ထဲသို့ ပြန်ဝင်လာသည်။

Love is Healing [ Completed ]Where stories live. Discover now