‌~3~

1.7K 194 4
                                    

Unicode

ကျွန်တော် TJ  air transport ရဲ့ ဆက်ခံသူ Kim Tae ကျွန်တော်လိုချင်တာ မှန်သမျှ ရနိုင်တဲ့သူ

တကယ်တော့ အဲလိုပြောတာ သိပ်မမှန်သေးဘူး ကျွန်တော် လိုချင်တာဆိုတာကို မရှိခဲ့တာ wae?

“omma သားလေးအလုပ်သွားတော့မလား”

“ ဟုတ်”

“အော် သားလေး omma ကားအသစ်လဲပေးထားတယ်နော်”

“ဟမ် omma ဟိုတစ်ခါလဲထားတာမှ တစ်ပတ်တောင် မပြည့်သေးဘူး”

“တပတ်တောင် ရှိသွားပြီလေသားရယ် ခုက အချိန်နဲ့ တပြေးအသစ်တွေဆိုတာမှ ထွက်နေတာ Omma သားချောလေးက ခေတ်နောက်ကျသွားလို့ မဖြစ်ဘူးလေ”

Omma က အပေါ်က အတိုင်းဘဲ ကျွန်တော်လိုချင်စရာ ကို မလိုတာ

I want it I get it မဟုတ်ဘူး ကျွန်တော်က I get it I get it.

-----

TJ group မနက်ပိုင်း အစည်းအဝေးခန်းတွင်

ကျွန်တော်တို့ ခုစမယ့် project က ဆောင်းရာသီ ခရီးသွားရ အဆင်ပြေအောင် နဲ့ ခရီးသည်တွေ ကျွန်တော်တို့ လေကြောင်း ကို အသုံးပြုအောင် နဲ့ ပတ်သတ်ပြီး ဆွေးနွေးပါမယ်
….

CEO Tae::: အတွင်းရေမှုးဂျင် ဘာများအကြံပေးစရာရှိလဲ

Jin::::“ကျွန်တော် တွေးမိတာ တစ်ခုတော့ရှိတယ် အဲတာက ခုဆို J&K groupရဲ့ fashion တွေက အရမ်းကိုမှ လူကြိုက်များကြပါတယ် အဲတော့ ကျွန်တော်တို့သာ သူတိုနဲ့ လက်တွဲ လုပ်နိုင်ရင် ပြောချင်တာက လေယာဉ်မယ် မောင်တွေရဲ့ ဒီဆိုင်းကို ပိုပြီးဆွဲဆောင်မှု ရှိအောင် လုပ်နိုင်ရင် ကျွန်တော်တို့လိုင်း ကို အသုံးပြုသူတွေ စိတ်ဝင်စားမှု များလာမယ်လို့ ကျွန်တော်ထင်တယ်

အခန်းထဲမှာရှိသောသူများ ခေါင်းကိုယ်စီ ညိမ့်ပြီး သဘောတူလျက်

Tae::: “ အဲဒါဆိုရင် ဒီအကြံကို ပေးတဲ့သူဆိုတော့ ဂျင် ကပဲ J&K နဲ့ စာချုပ်ချုပ်နိုင်အောင် ကြိုးစားပါ”

Jin::: “ဗျာ”

Tae:: “ဂျင် လုပ်နိုင်မယ်မလား”

Jin:: “ဟုတ် ကျွန်တော် ကြိုးစားပါ့မယ်”

ဟင်း လုပ်မယ်လို့တော့ ပြောလိုက်ပြီ ဘယ်ကနေတော့ စလုပ်ရမလဲ မသိဘူး နောက်ပြီး ဟို မာနကြီးတဲ့ကောင်က CEOလေ လူကိုမြင်ရင် မတူသလို မတန်သလို ဆက်ဆံသူနဲ့ ဘယ်လို စာချုပ်ချုပ်အောင် လုပ်ရပါ့မလဲ…

Love is Healing [ Completed ]Where stories live. Discover now