‌~9~

1.5K 188 14
                                    

Unicode

“ omma သားကို မိယောဂု ဟင်းရည်ချက်ပေး”

“ဟမ် မိယောဂု ဂျင် ဒီနေ့က ဘာနေ့ မလို့ လဲ Dec 4 လဲ မဟုတ်ပါဘူး”

“ ဟာ omma ကလဲ မွေးနေ့ မဟုတ်ရင် သောက်လို့ မရဘူးလား omma ချက်တာကို
ဒီနေ့မှ သောက်ချင်နေလို့ နော် Omma”

မီးဖိုခန်းတွင် ချက်ပြုတ်နေသော အမေ့ ခါးလေးကို သိုင်းဖက်ပြီး ကျွန်တော် ကိုယ်လေးကို လှုပ်ခါ ချွဲလိုက်တော့

“အမလေး အေးပါ ဒီကလေး ကြီးကောင်ကြီးမားနဲ့ တော်တော်ချွဲ”

“ ခုက ရုံးချိန်နီးနေပြီဆိုတော့ နေခင်းကျမှ လာယူမယ် omma များများ ချက်ထားပေးနော် သားသွားပြီ”

------

“ဂျင် ဒီနေ့ ကိုယ်တို့ ဘာစားကြမလဲ”

ဒီရက်ပိုင်း CEO Tae က အရမ်းကို တတ်ကြွနေသည်။ အထူးသဖြင့် သူနဲ မနက်စာစားချိန်တွင်ဖြစ်သည်။ ကျွန်တော်လဲ ပျော်ပါသည်။ ပိုက်ဆံမကုန်ဘဲ မနက်စာကောင်းကောင်းစားရတယ်လေ😊  

ဒါပေမဲ့ တစ်ခါတရံတွင် CEO Tae
သူ့ကို ငေးမောနေတတ်သည်.ရီဝေစွာကြည့်နေတတ်သည်.
နဂို က သူ့ကို အော်ငေါက်နဲ့ တတ်တဲ့ CEO ပါ ခုတော့ သူ့ရဲ့ အကြည့်တွေ အပြုံးတွေကို ကျွန်တော် နားမလည်နိုင်တော့ ပိုင်စိုးပိုင်နင်းလဲ နိုင်လှသည်
ကျွန်တော့် ခေါင်းကို လာပွတ်လို့ ပွတ် ပါးကိုလာဆွဲလို့ဆွဲ တခြားသူတွေနဲ့ စကားပြောနေမိရင်လဲ ကျွန်တော် နားမလည်တဲ့ အကြည့်နဲ့ ကြည့်ပြီး လာကို လာခေါ်တတ်သေးသည်။

မသိရင် ကျွန်တော်က သူရဲ့…

ဒီရက်ပိုင်း ကျွန်တော် တွေးနေမိတာတွေက အာ.. ဟုတ်တော့ မဟုတ်သေးပါဘူး..

-----------
နေလည်ရောက်တော့ အိမ်တွင် omma ထုတ်ပေးထားတဲ့ ချိုင့်ကို ယူပြီး j&k သို့ထွက်လာခဲ့သည်။
.
.
.

“ CEO Jeon ကျွန်တော်တို့ဒီနေ့ ဒီမှာပဲ စားရအောင် CEOပဲ ကျွေးနေရတာဆိုတော့ ကျွန်တော့ omma လက်ရာကို မြည်းကြည့်ပါဦး”

ကျွန်တော် ပါလာတဲ့ ချိုင့် များကို စားပွဲပေါ်တွင် ဖွင့်ရင်းပြောလိုက်သည်။

Love is Healing [ Completed ]Where stories live. Discover now