Unicode
ထယ် မင်္ဂလာပွဲ စခါနီးနေတာတောင် ပန်းစည်းရောက်မလာသေးတဲ့အတွက် ဆိုင်ကိုဖုန်းဆက်တော့ လာနေပြီဟုဆိုသည်။
သူ့ဘေးနားက တောက်ပနေတဲ့ သတိုးသားလောင်းကို တစ်ချက်ပြုံးကြည့်လိုက်သည်။
“ ဂျင် ကိုယ်ပန်းစည်း ထွက်ယူလိုက်ဦးမယ်”
ခန်းမအပြင် ကို သူရောက်တော့ ခုထိ ပန်းစည်းလာပို့တဲ့သူ မရောက်သေး..
သူနာရီ တကြည့်ကြည့်နှင့် ရပ်စောင့်နေလိုက်သည်။ နောက်က ဆူညံ ဆူညံသံကြားလို့ လှည့်ကြည့်လိုက်တော့ ဂျင်က တဟုန်ထိုးပြေးထွက်လာနေသည်။
ဟင်~~ ဂျင်ဘာဖြစ်လို့ ပြေးထွက်လာတာလဲ?
သူ ရပ်ကြည့်နေရင်းမှ ဂျင်က သူ့ပုခုံးကိုတိုတ်ကာ သူ့ကို ကျော်ထွက်သွားသည်။ သူလှမ်းအော်ခေါ်တော့လဲ လှည့်တောင်မကြည့်…
သူဂျင်နောက်ကို အပြေးလိုက်သွားသည်။
ကျှီ..~~
အား
သူအပြေးလိုက်တုန်း ပန်းစည်းလာပို့တဲ့ ဆိုင်ကယ်နှင့် တိုတ်မိမလို ဖြစ်သွားရင်း သူလန့်သွားကာ အနောက်ကို ဖင်ထိုင်လိုက်ပြုတ်ကျသည်။
သူပြန်ထရင်း ဂျင့်အနောက်ကို လိုက်မလို ပြင်လိုက်ချိန်မှာတော့ သူ့ခေါင်းတွေက တဆစ်ဆစ် ထိုးကိုက်လာသည်။
အ~~အား!
သူ ခေါင်းက နာကျင်လာသည်က ခေါင်းကို လက်နှင့်ဖိကာ အော်မိသည်အထိ..
နောက် သူ့ဦးနှောက်ထဲ မျက်လုံးထဲမှာ သူ့မေ့ထားခဲ့မိတဲ့ ပုံရိပ်တွေက ပြန်ပေါ်လာသည်။ သူ့မျက်လုံးထဲဝင်လာသည့် ဂျင်အိမ်ကို ထမင်းသွားစားတုန်းက ဂျင်အတူ တွဲရိုက်ထား ဂျင်ဖေဖေပုံ~ သူမျက်ရည်တွေ စီးကျရင်း ခေါင်းကိုခါကာ ပုံရိပ်တွေကို ငြင်းမိသည်။
မဟုတ်ဘူး~~ မဟုတ်ဘူး~ ~ အဲ့လို မဖြစ်ရဘူး!!!
သူလဲကျရာနေရာမှာပင် လက်နှစ်ဖက်က ခေါင်းပေါ်တင်ရင်း ဒူးများကို ကွေးန်ိုင်သမျှ ကွေးထားမိသည်။
ခုချိန် သူကဘာပေါ်က ပျောက်ကွယ်သွားချင်နေသည်။
လူကလဲ တဆတ်ဆတ်တုန်လာသည်။
YOU ARE READING
Love is Healing [ Completed ]
FanfictionCherry★Lily★Cosmos Don't forget me! Taejinkook စာရေးသူ၏ အတွေးသက်သက်သာ...