Unicode
တစ်နှစ်! တစ်နှစ်ရှိပြီ…
အထီးကျန် လွမ်းဆွတ်ခြင်းတွေကို ပွေ့ပိုက် ၊ အေးစက် ခြောက်သွေ့နေတဲ့ အခန်းထဲမှာ တစ်ယောက်ထဲ အိပ်စက်ရတဲ့နေ့တွေဟာ တစ်နှစ်တောင်ကြာခဲ့ပြီ..
သူ့ကို တွန်းထုတ်နေတဲ့ လက်တွေကိုမှ ဆုပ်ကိုင်ချင်ခဲ့တယ်.. တုန့်ပြန့်မှုတွေ မရှိတဲ့ နှုတ်ခမ်းနုထွေးထွေးလေးကို နမ်းရှ်ိုက်ချင်မိတယ်… သူ့ကို အမြဲတမ်းငြင်းပယ်နေတဲ့ နှလုံးသားကိုမှ သိမ်းပိုက်ချင်ခဲ့တယ်…
ရယူခြင်းဆိုတာ အချစ်လို့ထင်ခဲ့တယ်..
ထယ် မြတ်နိုးရတဲ့သူ သူနေထိုင်ပျော်ရွင်ရာ အရပ်ကို ရောက်ပြီဆိုကာမှ သူလဲ သူပုန်းကွယ်ရာ အရပ်ဆီသို့ ပြန်ခဲ့သည်။ သူနွမ်းလျှနေတဲ့ နှလုံးသားနဲ့ တိုက်ခန်းရဲ့ တံခါးကို ဖွင့်လိုက်သည်။
လက်ထဲက ကင်မရာလေးကို ချလိုက်ပြီး ဝတ်ထားတဲ့ ကုတ်ကို ချွတ်ကာ ဆိုဖာပေါ်ပစ်တင်လိုက်သည်။ မီးဖိုခန်းကို သွားပြီး ရေခဲသေတာထဲမှ ဘီယာတစ်ဘူးကို ထုတ်ယူလိုက်ကာ အိမ်ခန်းထဲကိုဝင်လိုက်သည်။ ဖွင့်လိုက်ချင်း မြင်လိုက်ရတဲ့ မျက်နှာလေးကို သူပြုံးပြပြီး နှုတ်ဆက်လိုက်သည်။
“ ကိုယ်ပြန်ရောက်ပြီ ဂျင်”
သူ့အိပ်ခန်းရဲ့ နံရံတိုင်းမှာ ပြုံးပျော်နေတဲ့ ပုံရိပ်ငယ်လေးတွေဟာ အပြည့်..
ထယ် ဘီယာကို တစ်ငုံသောက်ပြီး စားပွဲခုံပေါ်တင်လ်ိုက်သည်။ ကုတင်ပေါ်ကို ပက်လက်လန်ချလိုက်ရင်း ပြုံးရွှင်နေတဲ့ ပုံရိပ်ငယ်ကို ကြည့်သည်။
ဂျင်အနားကနေ သူထွက်ခွာပြီးတဲ့နောက် ဒီနေရာလေးက သူ့ရဲ့ စိတ်သက်သာ ရာ…
သူတို့ အကြောင်းအရာအများကြီး ဖြစ်ပြီးတဲ့နောက် ဂျင်သိထားခဲ့တာက သူက ဒီနိုင်ငံကနေထွက်သွားသည်ဟုသာ…
ဒါပေမဲ့ သူဟာ ဂျင်မသိလေဘဲ ဂျင့်အနားကို အမြဲတကောက်ကောက်လိုက်နေတဲ့ အရိပ်တစ်ခုဖြစ်နေခဲ့တာ~
ဂျင်သာ လှည့်ကြည့်မိရင် သူ့ကို ဆွေးမြေ့စွာ ကြည့်နေတဲ့ မျက်လုံးတစ်စုံကို မြင်မှာ~
YOU ARE READING
Love is Healing [ Completed ]
FanfictionCherry★Lily★Cosmos Don't forget me! Taejinkook စာရေးသူ၏ အတွေးသက်သက်သာ...