‌~17~

1.2K 166 15
                                    

ကု!

“ အာ ကိုကို ဘယ်လိုလုပ်ရောက်နေတာလဲ”

သူ ကုနဲ့ မတွေ့ဖြစ်တာ တပတ်ကြာပြီ။ ကု က ဖုန်းတွေ တောက်လျောက်ခေါ်နေပေမဲ့ သူ မကိုင်ခဲ့။ ခု သူ ကုရုံးဆင်းချိန်တွင် ကုတို့ company ရှေ့တွင် စောင့်နေခြင်း ဖြစ်သည်။

ကု က သူ့ကို ပြုံးပြနေပေမဲ့ သူ မျက်လုံးတွင် လွမ်းရိပ်တွေ ပြေးနေတာကို တွေ့ရသည်။ သူ ဖုန်းကို ဘာကြောင့် မကိုင်လဲ။ ခုမှ ဘာလို့ လာတွေ့တာလဲ ဆိုတာ တွေ တစ်ခွန်းမှ မမေးခဲ့။

“ ကဲ ကိုကို  ကိုယ့်ကို တပတ်လောက်ပစ်ထားပြီးတော့ ခု လွမ်းလို့ လာတွေ့တာမလား”

“ ဒါပေါ့ ကိုကို့ ကုကု ကို သတိရလို့ အရမ်းလွမ်းလို့”

ကုက နှုတ်ခမ်းကို ကိုက်လိုက်ကာ သူ့ကို အသဲယားနေသလို ပုံစံလုပ်ပြသည်။

“  အင်း အာ့ဆို  တစ်ခုခု သွားစားကြမလား”

“ သွားမယ်လေ ကိုယ် တော့ပိုကီ သွားစားချင်တယ်”

“ ok let’s go”

သူကားပေါ်တတ်ထိုင်ပြီး ထိုင်ခုံ ခါးပတ် ပတ်မလို့လုပ်တုန်း ကုက သူ့ ကို လာဖတ်သည်။ ကု့ မေးစေ့က သူ့ပုခုံးပေါ်တင်ထားရင်း သူခါးသိမ်သိမ်ကို တင်းတင်းကြပ်ကြပ် ပွေ့ ဖက်နေသည်။

သူ ကု မျက်နှာကို မမြင်ရလဲ သိသည်။ ကု သူ့ပုခုံးပေါ်ကိုပြုံးပြီး မှီထားတယ် ဆိုတာ။ သူလဲ ကုကို တင်းကြပ်စွာ ပြန်ဖက်လိုက်သည်။

“ လွမ်းလိုက်တာ ကိုကိုရာ ကိုကို့
ကို တပတ်လောက်မတွေ့တာ ကိုယ် အသက်ရှုကြပ်ပြီး သေတော့ မတတ်ဘဲ ကိုကို့ အနံလေးကို ကိုယ် လွမ်းနေတာ”

သူ့ လည်ပင်းကို ကုကနှာခေါင်းလေး ကိုကပ်ထားရင်း တရှုပ်ရှုပ်နဲ့ နမ်းနေသည်။

“တကယ်ပဲ ကိုကို့ အနံလေးက ကိုယ့်ရဲ့ အရာရာကို ကုစားပေးနိုင်တယ် ဒီ အနံလေးသာ ကိုယ့် အနားက ပျောက်ကွယ်သွားခဲ့ ရင် ကိုယ်သေသွားမယ် ထင်တယ်”

“ ဘာတွေ လျောက်ပြောနေတာလဲ သွားမယ် တော့ပိုကီ စားချင်နေပြီ”

ကု ကိုယ်ကို သူတွန်းခွာလိုက်တော့ ကုက သူ့ ပါးကို ရှုတ်ခနဲ့ နမ်းပြီး နှာခေါင်းလုံလုံးလေးကို ရှုပ်ပြီး ရယ်ပြသည်။
.
.
.
.
.

Love is Healing [ Completed ]Where stories live. Discover now