‌~22~

1.2K 171 32
                                    

Unicode

ဟိုဆော့ hyun ထွက်သွားတော့ သူ လျှာထိုးဦးထုပ်အနက်ကိုဆောင်းကာ ကိုကိုရှိရာ အရပ်သို့ ကားဦးကို လှည့်လိုက်သည်။ နောက်ဆုံးအနေနဲ့ ကိုကို့ မျက်နှာလေးကို တွေ့ချင်သည်။

မင်္ဂလာပွဲရှိရာ နေရာကိုရောက်ရောက်တော့ ဖိတ်ခေါ်ခြင်းမခံရတဲ့ သူဖြစ်တဲ့ အတွတ် အဝေးတစ်နေရာက ရပ်ကာ ကိုကို့ ကို ရှာမိသည်။ မကြာခင်မှာ ကိုကိုက သူ့အမေနှင့် ညီလေးနဲ့ ထွက်လာကာ ဧည့်သည့်များကို ပြုံးရွှင်စွာ နှုတ်ဆက်နေသည်။

ကိုကိုက ပြုံးနေတယ် ပျော်နေတာ ထင်ပါတယ်… ကိုကို အပြုံးတွေက တောက်ပနေတယ် သူမဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့ လက်ထက်ရမှာ ဖြစ်တဲ့အတွက်

သူက သေချာပေါက်အပိုင်တွတ်ထားတာ ကိုကိုက သူနဲ့ပဲ လက်ထက်မှာလို့

ကိုကိုကလေ အမြဲဆရာကြီးလုပ်ပြီးသင်ပြပါတယ် ဘ၀ ဆိုတာ ဖြစ်ချင်တိုင်းမဖြစ်လာဘူးဆိုတာ မလိုအပ်ပါဘဲ ဘဝနဲ့ရင်းပြီးကို သက်သေပြပေးတာ သူမှန်ပါတယ်ပေါ့

သူကပြန်ပြောချင်တယ်

နှလုံးသားကလဲ ဖြစ်စေချင်တဲ့ အတိုင်းမဖြစ်ပေးဘူး ကိုကိုက သူ့ကို မေ့ပစ်စေချင်တာ

ဒါနဲ့ ဘယ်လိုလုပ်မလဲ ကိုကိုရဲ့ မျက်တောင် စိတ်စိတ်လေးတွေ မျက်ခွံမို့မို့လေးတွေ ဖြောင့်စင်းနေတဲ့ နှာတံလေး တွေ

ထူထူအိအိ နှုတ်ခမ်းဖူးလေးရယ် ပါးဖောင်းဖောင်းလေးရယ် လက်ကောက်ကောက်လေးရယ် ခါးသိမ်သိမ်လေးရယ် ခြေတံသွယ်သွယ်လေးရယ်

နောက်ပြီး သူအရမ်းသဘောတကျ အခွင့်အရေးရတိုင်း ထိကိုင်ချင်နေတဲ့ ကိုကို့ ဂုတ်ပိုးနုနုလေးရယ်

မျက်လုံးမိုတ်လိုက်တိုင်း ပေါ်လာတဲ့ ရွှေရုပ်လွှာလေး ဘယ်လိုလုပ်မေ့လို့ ရမလဲ…

တစ်ခုတော့ ပျောက်သွားခဲ့တယ် ကိုကို ရနံလေး မျက်လုံးပွင့်လာတိုင်း လိုက်ရှာမိတဲ့ ရနံလေး သူမရတာကြာတော့ အသက်ရှုတွေကြပ်လာပြီ..

ရှုးမတတ်ပါဘဲ ကိုကို ရာ..

ဒါပေမဲ့ သူမေ့ပစ်ချင်လာပြီ သူပင်ပန်းလာပြီ သူမေ့ပစ်လိုက်တော့မယ် ထာဝရမေ့ပစ်မယ် ကိုကို့စကားဆို သူတစ်ခွန်းမကျန်နားထောင်တာ ကိုကိုသိလာလိမ့်မယ်…
.

Love is Healing [ Completed ]Where stories live. Discover now