Unicode
“Omma သားပြန်လာပြီ”
“ သားဂျင် နောက်ကျလိုက်တာ
Omma ဟင်းတွေ ပြန်နွေးပေးမယ် ခဏစောင့်”
“အမလေး သွားနားပါတော့ omma ရယ် ဆိုင်ဖွင့်ထားရတာကို ပင်ပန်းနေရောပေါ့ သားကိုယ့်ဘာသာလုပ်လိုက်မယ် သွားတော့”
Omma ကို အတင်းတွန်းလွတ်ရင်း ကိုယ် ဘာသာကိုယ် လုပ်လိုက်သည်။
ကျွန်တော့် အိမ်က အသေးစား စားသောက်ဆိုင်လေး ဖွင့်ထားတာလေ အဖေဆုံးပြီးထဲကပေါ့ အမေက ကျွန်တော်တို့ ညီအစ်နှစ်ယောက်ကို စားသောက်ဆိုင်လေးဖွင့်ရင်း ကျွေးမွေးလာတာ
ခု ကျွန်တော့်အလုပ်ရပြီဆိုတော့ အမေ အသက်ရှု ချောင်လာပါပြီဒီလိုအချိန်တွေဆို CEO Tae ကို သိပ်ကျေးဇူးတင်မိတာ အမှန်ဆို ကျွန်တော်က အတွင်းရေးမှူး ဖြစ်နိုင်မယ့် ပညာအရည်အချင်းမရှိပါဘူး
ကျွန်တော်ကို သူ့ အတွင်းရေးမှူးလုပ်ပေးဖို့ ကမ်းလှမ်းခဲ့ တာ နည်းနည်းထူးဆန်းနေပေမယ့် ကျွန်တော်မှာ အဲ့တာတွေ တွေးဖို့ အချိန်မရှိဘူးလေ အဲတာကြောင့် သူကျွန်တော်ကို ဘယ်လို ဟောက်ဟောက် ဘာခိုင်းခိုင်း ကျွန်တော်အကုန်လုပ်ပေးခဲ့တာ ကျွန်တော် အတွက်သူက သိပ်ကို ကျေးဇူးတင်စရာကောင်းတဲသူစားသောက်ပြီးတော့ ညီလေးကို ကြည့်ဖို့ အပေါ်ထပ်ကို တတ်ခဲ့သည်။
တံခါးလေးကို အသာလေးဟပြီး ချောင်းကြည့်တော့ စာလုပ်နေတဲ့ကောင်လေး သိပ်ကို လိမ်မာတဲ့ ကောင်လေး ဘာကျူရှင် ဘာဂိုက်မှ မယူဘဲ ကြိုးစားတဲ့ကောင်လေး အမေနဲ့ အကို ကို နည်းနည်းဖြစ်ဖြစ် သက်သာစေချင်တဲ့ကောင်လေး
အထက်တန်းစာမေးပွဲက နီးလာနေပြီ ဖြစ်တာကြောင့် ခု hyung က အလုပ်ရှိတယ် ပိုက်ဆံရှာနိုင်နေပြီ ကျူရှင်ယူလို့ရပြီလို့ အတင်းပြောမှ သွားတတ်တဲ့ကောင်လေး
“ဟာ hyun ဝင်လာလေ”
ကျွန်တော်ချောင်းကြည့်နေတာကို မိသွားသည်။ ကျွန်တော်လဲသူ့ အခန်းထဲကို ဝင်လိုက်ရင်း“ jimin nah စာတွေ ဘယ်လိုလဲ”
“ကျူရှင်တတ်လိုက်တော့ ကျွန်တော် သိပ်အားထုတ်စရာ မလိုတော့ဘူး hyun အကုန် ok တယ်”
YOU ARE READING
Love is Healing [ Completed ]
FanfictionCherry★Lily★Cosmos Don't forget me! Taejinkook စာရေးသူ၏ အတွေးသက်သက်သာ...